
ဒီကနေ့ မတ်လ ၁၁ ရက်နေ့ မနက် ၄ နာရီခွဲလောက်မှာ Special Task Agency of Burma က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ပေးကာ တော်လှန်ရေးအင်အားစုတွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်ဆို့တာ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို စစ်အုပ်စုကို ပေးပို့နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ATM စက်သာမက ဘဏ်အဆောက်အဦးလည်း အနည်းငယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Special Task Agency of Burma အဖွဲ့ဟာ နိုင်ငံရေးအင်အားစု အဖွဲ့အစည်းတွေနဲ့ ပက်သက် ဆက်နွယ်မှုမရှိဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေတဲ့ မြို့ပြစည်သည်တော်အဖွဲ့တစ်ခုဖြစ်တယ်လို့ သိရပါတယ်။