ရေးမြို့ စည်ပင်ရုံးမှာ ဗုံးပေါက်

မွန်ပြည်နယ် ရေးမြို့နယ် စည်ပင်သာယာရေးရုံးမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၉ရက်နေ့ ညနေ ၄နာရီလောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံးက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဟာ ပြည်သူတွေဆီကနေ မတရားငွေကြေးကောက်ခံတာ၊ စျေးသူစျေးသားတွေကို အခွန်တွေ မတရားကောက်ခံနေတာကြောင့် အခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် လူနဲ့ အဆောက်အဦး ထိခိုက်မှုရှိမရှိကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။