ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်သုံး ဗုံးကြဲ တိုက်ခိုက်

ကယားပြည်နယ်(ကရင်နီ) ဒီမော့ဆိုမြို့နယ်နဲ့ အနီးတ၀ိုက်ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက မတ်လ ၉ ရက်နေ့ မနက် ၉ နာရီတွင်တကြိမ် ယမန်နေ့ည ၂ နာရီတွင်တကြိမ်တိုက်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဆိုပါတယ်။
မနက် ၂ နာရီလောက်က ဗုံးကျတဲ့ ပြင်းအားကြောင့် ၅ ပေနီးပါးနက်တဲ့ကျင်းကြီး ဖြစ်သွားပြီး ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း (၁) ခု ပျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၉ နာရီ ဗုံးကြဲတိုက်ခိုက်ချိန်တွင် အင်တာနက်လိုင်းအခက်အခဲကြောင့် တောင်ပေါ်လိုင်းတက်သုံးရင်း ရွာသားနှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဒီးမော့ဆိုမြို့နယ်နဲ့ အနီးတ၀ိုက်ကျေးရွာတွေဖြစ်တဲ့ ဒေါးငံခါး သေးဆူလဲ ဘုရားငုတ်တိုရွာတွေကို ပြစ်မှတ်ထား တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိနေပါတယ်။