KNUတပ်မဟာ၅ နယ်မြေမှာ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း သုံးရာကျော်ဖြစ်ပွားခဲ့

ကရင်အမျိုးသားအစည်းအရုံး KNU မူတြော်ခရိုင် တပ်မဟာ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAအကြား ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၃၁၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁၃၆ဦးသေဆုံးကာ ၁၀၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက သေဆုံးသူတွေထဲမှာ ဗိုလ်ကြီး ၃ဦးနဲ့ တပ်ကြပ်ကြီး ၃ဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲအတွင်းမှာ KNLA အမှတ်၅ တပ်မဟာက တပ်ဖွဲ့ဝင် ၁၁ဦး ကျဆုံးခဲ့ရကာ ၂၆ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ဦး အသက်ဆုံးပါးခဲ့ပြီး ၂၀ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ဖော်ပြထားပါတယ်။စစ်အုပ်စုဟာ ဖေဖော်ဝါရီလ တစ်လအတွင်းမှာ လက်နက်ကြိးနဲ့ ၃၆၅ကြိမ် ပစ်ခတ်ပြီး လေယာဉ်တွေနဲ့လည်း ၁၀ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုရဲ့ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ် ၅စီးနဲ့ အဆောက်အဦး ၃လုံး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။