Photo- KRC
အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ လေးသိန်းခွဲ ကျော်ရှိသွားပြီလို့ UNHCR ကထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၂၂ဖေဖော်ဝါရီလ ၁၄ ရက် အထိ မြန်မာနိုင်ငံတစ်ဝန်းအသစ်ထပ်မံနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၄၅၃,၀၀၀အထိ တိုးမြှင့် ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှာ လက်နက်ကိုင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရာ အရင်အပတ်တွေနဲ့ နှိုင်းယှဉ်ရင် စစ်ကိုင်းတိုင်းအတွင်း နေရပ်စွန့်ခွာသူအသစ် တစ် သောင်းလောက်ရှိလာခဲ့ပါတယ်။
နေရပ် စွန့်ခွာအများအပြားဟာ အနီးအနားရှိတောတောင်တွေနဲ့ သစ်တောနေရာတွေမှာ ယာယီပြောင်းရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဆိုပါတယ်။
‘ကျွန်တော်တို့စစ်ကိုင်းတိုင်းမှာကတော့ ရွာတွေကို စစ်တပ်ဝင်ရင် ပြေးရတယ်။စစ်ခွေးတွေမီးရှို့ရင် ခံရတယ်။စစ်ခွေးတွေမပြန်မချင်း နီးစပ်ရာတောတောင်နဲ့ အဆင်ပြေမယ့်ရွာတွေမှာ ခိုကပ်နေကြရတယ်။စစ် ရှောင်စခန်းဆိုပြီး သီးခြားရှိတာအင်မတန်နည်းတယ်။ကိုယ့်ပြည်သူချင်းကူညီတာရှိတယ်။တခြားအဖွဲ့အစည်း တို့ နိုင်ငံတကာတို့ တစ်ခုမှကူညီတာမရှိတော့ မျှော်လည်း မမျှော်ကြတော့ဘူး’လို့ယင်းမာပင်မြို့နယ်အတွင်းရှိ ပြောက်ကျားရဲဘော်တစ်ဦးကပြောပါတယ်။
ဖေဖေါ်ဝါရီ၁၆ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်ကြောင့်ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ် အတွင်းကပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။