၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံအပေါ် ရန်လိုတဲ့ လှုပ်ရှားမှု အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က အသိပေးပြောကြားလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ရုရှားနဲ့ တရုတ်ဆိုတဲ့ စစ်မျက်နှာနှစ်ခုကို ဖွင့်လှစ်ထားပြီး အမြဲ စောင့်ကြည့်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ရုရှားအကြား ဒွန်ဘက်၊ ခရိုင်းမီးယား စတဲ့ဒေသတွေနဲ့ ပတ်သက်လို့ တင်းမာမှုတွေဟာ ပိုမိုပြင်းထန်လာခဲ့ပြီး ယူကရိန်းဘက်ကတော့ သံတမန်ရေးအရ ရုရှားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ချင်နေပါတယ်။
နိုင်ငံတကာ သတင်းစာမျက်နှာတွေအထက်မှာတော့ အမေရိကန် ပြည်ထောင်စုဟာ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်အရေးကိစ္စနောက်ပိုင်း ယူကရိန်း-ရုရှားအကြား အရေးကိစ္စမှာ ပိုမိုပြီး ပါဝင်ပတ်သက်လာတဲ့ အနေအထားကို တွေ့မြင်နေရပါတယ်။
တကယ်လို့ ရုရှားဘက်ကသာ ရန်လိုတဲ့ အပြုအမူမျိုးနဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုတွေ ပြုလုပ်လာခဲ့ရင် အမေရိကန်ကလည်း အရေးယူတုံ့ပြန်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အတိအလင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။