၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။
အာဏာသိမ်းကာလ ၁၀လအတွင်း အပြစ်မဲ့ပြည်သူ ၁၃၀၀ခန့်ကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်ခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကထုတ်ပြန်ပါတယ်။
ဖေဖေါ်ဝါရီ၁ရက်နေ့ကနေနိုဝင်ဘာ၃၀နေ့အထိ AAPPကောက်ယူထားတဲ့စာရင်းအရ ကျဆုံးပြည်သူ ၁၂၉၉ဦး အထိရှိလာပြီဖြစ်ပြီး အမှန်တကယ်ကျဆုံးသူဟာ အဲဒီစာရင်းထက်ပိုများနိုင်တယ်လို့သိရပါတယ်။
၁၀လတာအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ပြည်သူ ၁၀၅၆၈ဦးရှိပြီး လက်ရှိဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇၆၄၀ရှိကာ အဲဒီထဲကမှ ၃၄၃ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အဲဒီပြစ်ဒဏ်ကျခံရသူ၃၄၃ဦးအနက် အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၃၄) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါတယ်။
ဒါ့အပြင် ဖမ်းဝရမ်းအထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ (၁၉၅၄) ဦးရှိပြီးသူတို့ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
ဒါ့ကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၇၃) ဦးရှိပြီဖြစ်ကြောင်း AAPPကဖော်ပြပါတယ်။