၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။
တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့ကို အင်အားပြင်းမုန်တိုင်း ဝင်ရောက်ခဲ့လို့ အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ပြီး ဒေသတော်တော်များများ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ အေပီသတင်းဌာနက ဖော်ပြပါတယ်။
မုန်တိုင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့က ဝင်ရောက်ခဲ့တာဖြစ်ပြီး အစ္စတန်ဘူးလ်မြို့နဲ့ ဒေသတချို့ကို ဝင်ရောက် တိုက်ခတ်ခဲ့တာပါ။
ပြင်းထန်တဲ့ လေတိုက်ခတ်မှုတွေကြောင့် သေဆုံးသွားသူတွေထဲမှာ အက်ဆန်ရက် စီရင်စုက အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး အိမ်ခေါင်မိုးက အစိတ်အပိုင်းတစ်ခု ပိကျသေဆုံးခဲ့ရတာပါ။
သူမအပါအဝင် သူ့ရဲ့ ကလေးပါ ပိကျခံခဲ့ရတာဖြစ်ပေမယ့် ကလေးငယ်ကတော့ ဒဏ်ရာတွေရရှိခဲ့ပြီး အသက်ရှင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသအတွင်းမှာ ပျက်စီးဆုံးရှုံးမှုတွေ များပြားခဲ့ပြီး ဒီထဲမှာ နေအိမ်တွေအပါအဝင် ကားတွေနဲ့ နာရီစင်တွေပါ ပြိုကျ ပျက်စီးခဲ့ရတာပါ။
အစ္စတန်ဘူးလ်မြို့မှာ ဆိုက်ရောက်ရမယ့် လေယာဉ် ၆ စင်းရဲ့ ခရီးစဉ်တွေကိုလည်း လမ်းကြောင်းပြောင်း အစီအစဉ်တွေ ပြုလုပ်ခဲ့ရတယ်လို့ လေဆိပ်တာဝန်ရှိသူတွေက အသိပေးထားပါတယ်။
မုန်တိုင်းရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် အခုလို အသက်ဆုံးရှုံးသွားသူတွေရှိသလို ပြင်းဒဏ်တဲ့ ဒဏ်ရာရသူတွေအပါအဝင် လူ ၁၉ ဦးအထိ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။