ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ထားတဲ့ ပေပေကို ပေါင် ၂၅ သန်းနဲ့ ရောင်းထုတ်ဖို့ အာဆင်နယ် စီစဉ်

 

၁၄၊ နိုဝင်ဘာ၊ ၂၀၂၁။

အာဆင်နယ်အသင်းဟာ ကလပ်အသင်းသမိုင်းကြောင်းတလျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်တောင်ပံကစားသမား နီကိုလပ်စ် ပေပေကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ရောင်းထုတ်လိုက်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်ဟာ ပေပေကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ပြင်သစ်လီဂူးကလပ် လိုင်လီဆီကနေ ပြောင်းရွှေ့ကြေးမပမာဏ ပေါင် ၇၂ သန်းနဲ့ဝယ်ယူခဲ့ပြီး အဲ့ဒီကာလတုန်းက ပေပေ အပြောင်းအရွှေ့အတွက် အာဆင်နယ်က အရစ်ကျ ငွေပေးချေနည်းစနစ်ကို အကောင်အထည်ဖော်ခဲ့လို့ ပြိုင်ဘက်ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းကိုတောင် ခံခဲ့ရပါတယ်။

ပေပေ ဟာ နည်းပြ အာတီတာရဲ့လက်အောက်မှာ ပွဲထွက်ကစားခွင့် အရမ်းကို နည်းပါးနေတာကြောင့် အသင်းပြောင်းခွင့်ရဖို့ အလိုရှိနေပြီး နည်းပြ အာတီတာကလည်း ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၅ သန်းဝန်းကျင်ရခဲ့ရင် ပေပေကို အသင်းကနေပြီး ထွက်ခွာခွင့်ပေးလိုက်ဖို့ ဒါရိုက်တာဘုတ်အဖွဲ့ဆီ အကြောင်းကြားထားပြီလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ပေပေရဲ့ခြေစွမ်းက အရမ်းကို ကျဆင်းနေလို့ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားတဲ့အသင်းအရေအတွက်က မရှိသလောက် နည်းပါးလွန်းနေပြီး အာဆင်နယ်နဲ့ ပေပေ တို့အကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ကတော့ ၂၀၂၄ ခုနှစ်အထိ သက်တမ်းကျန်ရှိနေဆဲပဲဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ ပေပေကို ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင် အဲ့ဒီကွက်လပ်ကို အစားပြန်ဖြည့်နိုင်ဖို့အတွက် ဂျူဗင်တပ်ကစားသမား ကူလူဆက်ဗ်စကီးကို ခေါ်ယူဖို့ စိတ်ကူးရှိနေပါတယ်။