ကွမ်းခြံကုန်းမှာ စစ်ကား တိုက်ခိုက်ခံရ၊၇ဦးသေ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ကွမ်းခြံကုန်းမြို့နယ်၊အင်္ဂလုံးကျေးရွာအနီး ကင်းလှည့်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် တွေတိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအနီး လမ်းမပေါ်မှာ ကင်းလှည့်လာတဲ့ စစ်ကားပေါ် လိုက်ပါလာသူ အင်အား ၂၅ ဦးလောက်ကို နိုဝင်ဘာ ၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်၁၃ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ တပ်တွင်းသတင်းရင်းမြစ်ရဲ့ အဆိုအရ ဒဏ်ရာ ပြင်းထန်သူတချို့ သေဆုံးနိုင်ဖွယ်ရှိတယ်လို့လည်းသိရပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုဟာ ရန်ကုန်တိုင်းစစ်​ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ “ပျံလွှားအောင်” စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေအားလုံး ဘေးကင်းလုံခြုံမှု ရှိပြီလို့သိရပါတယ်။

‘ရဲဘော်ပြောက်ကျားတွေ ပုံမှန်လုပ်ရိုးလုပ်စဉ်က ဗုံးထောင်တာ၊မိုင်းခွဲတာ။အခုကွမ်းခြံကုန်းတိုက်ပွဲကတော့ ရန်သူ အလစ်အငိုက်မှာ ဝင်ပစ်တာဆိုတော့ ပိုအဆင့်မြင့်လာတဲ့သဘောပါ။စစ်တပ်က ဘာသတင်းအချက်အလက်မှရေ ရေရာမရဘဲ မျက်ကန်းလျှောက်သွားနေရသလိုဆိုတော့ ဆက်ခံရဦးမှာ’လို့ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ပြောက်ကျားရဲဘော်တစ်ဦးကပြောပါတယ်။

ဒီထက်ကြီးမားတဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေး နယ်မြေအတွင်းမှာ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။