နည်းပြ နူနိုဆန်းတို့စ်ကို စပါးထုတ်ပယ်

 

၁၊ နိုဝင်ဘာ၊ ၂၀၂၁။

အသင်း ရလဒ်တွေ ဆိုးရွားခဲ့ပြီးနောက်မှာ နည်းပြ နူနိုဆန်းတို့စ်ကို စပါးအသင်းက ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ တရားဝင်အသိပေးသွားခဲ့ပါတယ်။ 

စပါးဘုတ်အဖွဲ့ဝင်တွေဟာ နူနိုဆန်းတို့စ်ရဲ့ အနာဂတ်အတွက် အရေးပေါ်အစည်းအဝေး ထိုင်ပြီးနောက် အခုလို ကြေညာချက်ထုတ်ပြန်အသိပေးလိုက်တာပဲဖြစ်ပါတယ်။ 

အခုနှစ်ဘောလုံးရာသီအစကမှ တော့တင်ဟမ်းဟော့စပါးအသင်းကို ကိုင်တွယ်ခွင့် ရခဲ့တဲ့ ဝုဗ်နည်းပြဟောင်း နူနိုဆန်းတို့စ်ဟာ စပါးအသင်းနဲ့ လေးလသာ ဖြတ်သန်းခဲ့ရပါတယ်။ 

စပါးအသင်းကို ပုံဖော်ဖို့ အချိန်လုံလုံလောက်လောက် မရရှိခဲ့ပေမယ့် အခုအခါမှာတော့ အထုတ်ခံခဲ့ရတာပါ။ 

“နူနိုဟာ လူကြီးလူကောင်းဆန်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေအမြဲတန်း ကြိုဆိုနေမှာပါ။ သူ့နဲ့ သူ့ရဲ့ နည်းပြအဖွဲ့တွေအတွက်တော့ ကျေးဇူးတင်ပါတယ်” စပါးအသင်းက ထုတ်ပြန်အသိပေးခဲ့ပါတယ်။