ဖေ့ဘုတ်ကုမ္ပဏီနာမည်ကို Metaverse လို့ တရားဝင်ပြောင်း 

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ဖေ့ဘုတ်ဟာ သူ့တို့ မူလ ကုမ္ပဏီနာမည် Facebook,inc. ကို Meta Platforms, Inc. လို့ တရားဝင် ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။

ဖေ့ဘုတ်အမှုဆောင်ချုပ် ဇူကာဘက်ကတော့ အခုလို ပြောင်းလဲ မှည့်ခေါ်ပြီး ပုံစံပြောင်းလိုက်တာဟာ အနာဂတ်မှာ အွန်လိုင်းရဲ့ တကယ့်အစစ်အမှန်တွေကို မြင်တွေ့ရဖို့အတွက်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်၊ ကြာသပတေးနေ့မှာ အသိပေးကြေညာခဲ့တာပါ။

Metaverse အနေနဲ့ နည်းပညာဆန်းသစ်မှုတွေအဖြစ် 3D နည်းပညာတွေနဲ့ အခြေခံပုံဖော်ထားတာဖြစ်ပြီး အွန်လိုင်းက တွေ့မြင်နေရတာတွေကို တကယ့်အစစ်တွေအဖြစ် ဖန်တီးဖို့အတွက်ဖြစ်တယ်လို့ ဇူကာဘက်က ဆက်ပြောခဲ့တာပါ။

Metaverse ဖန်တီးလိုက်တဲ့ နည်းပညာကြောင့် အသုံးပြုသူတွေဟာ ရုပ်ပုံတွေကို ကြည့်လိုက်တာနဲ့ ကိုယ်တိုင်ရောက်ရှိသွားလို့ ခံစားရမှာဖြစ်တယ်လို့လည်း မနေ့က ပြောပါတယ်။

အရင်က Facebook,inc. ကုမ္ပဏီ နာမည်အောက်မှာ ဖေ့ဘုတ်ဟာ လက်ရှိအချိန်ထိ ဝေဖန်မှုတွေ ခံနေရသလို တရားဥပဒေအရ ဖြေရှင်းစရာတွေလည်း များပြားခဲ့ပါတယ်။

ဒါကြောင့် တချိန်တည်းမှာ ဖေ့ဘုတ်အမှုဆောင်ချုပ် ဇူကာဘက်က ကုမ္ပဏီနာမည်ကို ပြောင်းပြီး အမည်သစ်နဲ့ ပွဲပြန်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။