ကိုဂျင်မီ ပြင်းထန်ဒဏ်ရာရရှိမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဗြိတိန်သံရုံးထုတ်ပြန်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ဖမ်းဆီးခံရစဉ် ပြင်းထန်စွာထိခိုက်ဒဏ်ရတဲ့သတင်းနဲ့ပတ်သက် ပြီး အလွန်အမင်းစိုးရိမ်ထိတ်လန့်မိကြောင်း ဗြိတိန်သံရုံး(ရန်ကုန်)က ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် အခြားဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ မြန်မာစစ်အာဏာရှင်ရဲ့လုပ်ရပ်တွေကြောင့် ပြင်းထန်ဒဏ်ရာရ တာတွေကိုလည်း ရည်ညွှန်းပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားပြီး မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံး ကို ပြန်လွှတ်ပေးဖို့လည်း ဗြိတိန်သံရုံးရဲ့ ယမန်နေ့ည ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အင်အားသုံးဖမ်းဆီးခံရလို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ကိုဂျင်မီရဲ့ကျန်းမာရေးဟာ စိုးရိမ်ရ အခြေအနေရှိပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။