အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအထူးသံတို့ မြန်မာ့အရေးဆွေးနွေး

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကင်နဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွဖ်တို့ ဒီနေ့ စကားပြောခဲ့တယ်လို့ အန်တိုနီဘလင်ကင်ရဲ့ တွစ်တာအကောင့်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးက လက်ရှိအာဆီယံဥက္ကဋ္ဌအနေနဲ့တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အနေနဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်းမှတ်ချက်ပြုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု၊ ပိုမိုဆိုးရွားလာနေတဲ့ အကျပ်အတည်းနဲ့ပ တ်သက်ပြီး စိုးရိမ်တဲ့အ ကြောင်းထုတ်ဖော်ပြောကြားကြပြီး မြန်မာစစ်အာဏာရှင်အနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ ပါတီစုံဒီမိုကရေစီနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပြန်လည်ဖော်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်းတွေကို အထူးအလေးပေးဆွေးနွေးခဲ့တယ်လို့လည်း အမေရိကန်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံမှုပါဝင်တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ မြန်မာနိုင်ငံခရီးစဉ်အကောင်အထည်ဖော်ရေးအတွက် မြန်မာစစ်အာဏာရှင်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက်လည်း ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ ဝန်ကြီးဘလင်ကင်က သြစတြေးလျ-ယူကေ-ယူအက်စ် (AUKUS) သုံးပွင့်ဆိုင် လုံခြုံရေးမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှူနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေး နဲ့တည်ငြိမ်ရေးဆက်လက်တည်မြဲဖို့အတွက် အဲဒီ သုံးပွင့်ဆိုင်မိတ်ဖက်ပူးပေါင်းမှုအခန်းကဏ္ဍကိုဆွေးဆွေးခဲ့တယ်လို့ သိရပါတယ်။