ရုရှားနိုင်ငံမှာ လေယာဉ်တစင်းပျက်ကျလို့ လူ ၁၆ဦးသေဆုံး

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။

ရုရှားနိုင်ငံ၊ တာတာစတန်ဒေသမှာ ဒီကနေ့ လေယာဉ်ပျက်ကျလို့ လူ ၁၆ ဦးသေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက‌ ဖော်ပြပါတယ်။

လေယာဉ်ပေါ်မှာ လေထီးခုန် အဖွဲ့တစ်ဖွဲ့နဲ့ လေယာဉ်မောင်းတွေအပါအဝင် ၂၂ ဦး လိုက်ပါစီးနင်းလာခဲ့တာဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၂ မိနစ်မှာ ပျက်ကျခဲ့တာပါ။

လေယာဉ်ဟာ ထက်ပိုင်းကျိုး ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့ပြီး အထဲမှာရှိတဲ့ လူ ၆ ဦးကိုတော့ အသက်ရှင်လျက်ပဲ ကယ်ဆယ်ရေးတွေက ဆွဲထုတ်နိုင်ခဲ့ပေမယ့် သူတို့ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်

ရုရှားနိုင်ငံရဲ့ လေယာဉ်ပျက်ကျမှုတွေမှာ အများအားဖြင့် ရာသီဥတုဆိုးရွားတာတွေနဲ့ နည်းပညာချို့ယွင်းမှုတွေကြောင့် မကြာခဏ ပျက်ကျမှုတွေ ဖြစ်လေ့ရှိတာပါ။

အခုပျက်ကျသွားတဲ့ လေယာဉ်အမျိုးအစားဟာ Let L-410 Turbolet ဖြစ်ပြီး အင်ဂျင်နှစ်လုံးတပ် တာတို ပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး အင်ဂျင်ပိုင်းချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့တာပါ။

ပြီးခဲ့တဲ့လကလည်း ရုရှားမှာ လေယာဉ်တစင်းပျက်ကျဖူးပြီး Antonov An-26 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပါတယ်။ အဲ့ဒီ ပျက်ကျမှုမှာတော့ လူ ၆ ဦး သေဆုံးခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ လေကြောင်းဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ မကြာသေးမီနှစ်တွေက တိုးတက်ကောင်းမွန်လာခဲ့ပေမယ့် နည်းပညာ ချွတ်ယွင်းမှုတွေကြောင့် လေယာဉ်ပျက်ကျမှုတွေကတော့ မကြာခဏဖြစ်လေ့ရှိနေတာပါ။