ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အင်အားပြင်း ငလျင်လှုပ်

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မနေ့ညက ငလျင်လှုပ်လို့ လူပေါင်းသုံးဆယ်ကျော် ဒဏ်ရာ ရရှိပြီး ငလျင်ပြင်းအားကြောင့် မြေအောက်ပိုက်လိုင်းတွေ ပျက်စီးခဲ့ကာ ရထားခရီးစဥ်တွေ ရပ်တန့်ခဲ့ပါတယ်။

ပြင်းအား မဂ္ဂနီကျူ့၅.၉ ရှိတဲ့ငလျင်ကြောင့် ဒီကနေ့နံနက်ပိုင်းအထိ ယာဥ်ကြောပိတ်ဆို့မှုတွေဖြစ်ပြီး ဘူတာရုံတွေမှာလည်း ရထားနှောင့်နှေးမှုကြောင့် ခရီးသည်တွေ စုပုံနေခဲ့တာပါ။

ငလျင်ဟာ တိုကျိုမြို့ အရှေ့ဘက် ချီဘာစီရင်စုကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ဆူနာမီ အန္တရာယ်တော့ မရှိဘူးလို့ ဂျပန်မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ပါတယ်။

လက်ရှိ ကနဦးသတင်းတွေအရ ငလျင်ကြောင့် လူသေဆုံးတာတွေ မရှိသေးပေမယ့် ဒဏ်ရာရရှိသူတွေထဲမှာတော့ သုံးဦးဟာ ပြင်းထန်ပါတယ်။

ငလျင်ပြင်းအားအခြေအနေကြောင့်ဘဲ အဆောက်အအုံတွေ တုန်ခါလှုပ်ရမ်းခဲ့ပြီး ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်တွေ ပြင်းပြင်းထန်ထန် လှုပ်ရမ်းတာတွေတော့ ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ဒေသမှာရှိတဲ့ နျူကလီးယားစက်ရုံတွေမှာတော့ ထူးခြားတဲ့ သတိပေးချက်တွေ မရှိဘူးလို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံမှာ  လှုပ်ခတ်ခဲ့တဲံ အင်အားပြင် ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်ခဲ့ပြီး လူထောင်ချီသေဆုံးခဲ့ပြီး နျူကလီးယားဓာတ်ပေါင်းဖိုတချို့လည်း ပျက်စီးခဲ့တဲ့ မှတ်တမ်းရှိခဲ့ပါတယ်။