လာမယ့်နှစ် မတိုင်ခင်အထိ ဩစတြေးလျက နိုင်ငံတကာခရီးသွားတွေကို ဝင်ခွင့်ကန့်သတ်

၅၊ အောက်တိုဘာလ၊ ၂၀၂၁။

လက်ရှိဩစတြေးလျနိုင်ငံရဲ့ ကိုဗစ်ကန့်သတ်ချက် တွေကြောင့် နိုင်ငံတကာခရီးသွားဧည့်သည်တွေကို လက်ခံဦးမှာ မဟုတ်သေးဘူးလို့ ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဒီကနေ့မှာ ပြောပါတယ်။

ဒီထဲမှာ ကျွမ်းကျင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပညာရေးအတွက် ကျောင်းလာတက်မယ့် သူတွေလည်း ပါဝင်နေပြီး ၂၀၂၂ ခုနှစ် မတိုင်ခင်အထိ ပြည်ဝင်ခွင့် ပေးဦးမှာ မဟုတ်ပေမယ့် ဒုတိယဦးစားပေးအဖြစ်တော့ သတ်မှတ်ထားပါတယ်။

လာမယ့်နှစ်မှာတော့ ကန့်သတ်ချက်တွေ လျှော့ချပြီး နိုင်ငံတကာခရီးသွားဧည့်သည်တွေကို လက်ခံပေးဖို့ ဩစတြေးလျဝန်ကြီးချုပ်က မျှော်မှန်းနေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်လောက်မှာ ဩစတြေးလျနိုင်ငံရဲ့ လူဦးရေထူထပ်တဲ့ ပြည်နယ် ဆေးရုံတွေမှာ ကိုဗစ်ကြောင့် ဆေးရုံတက်ရောက်ကုသမှုတွေ များပြားခဲ့ပါတယ်။

မြို့တော့် ဆစ်ဒနီမှာ ဇွန်လက စတင်ပျံ့ပွားခဲ့တဲ့ ကိုဗစ်မျိုးကွဲ ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် အာဏာပိုင်တွေက ကူးစက်မြန်ဗိုင်းရပ်စ်ကို ဆက်လက် မပြန့်ပွားအောင် အထူးကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

ဩစတြေးလျရဲ့ ဒုတိယလူဦးရေအများဆုံး ဗစ်တိုးရီးယားပြည်နယ်မှာတော့ ဒီကနေ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ် ၁၇၆၃ ဦးခဲ့ပြီး လူ ၄ ဦးသေဆုံးခဲ့ပါတယ်။

ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က “နောက်နှစ်မှာတော့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ခက်ခံနိုင်မှာကို ယုံကြည်ပါတယ်”လို့ အသိပေးခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံဟာ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကူးစက်မှုသစ် ၂၄၀၀ နီးပါးရှိနေပြီး သေဆုံးသူ ၁၃၅၇ ဦး ရှိနေပြီဖြစ်ပါတယ်။