တောင်တွင်းကြီးက NLD အမတ်ရဲ့ နေအိမ် ဖျက်ဆီးခံရ

၇၊ စက်တင်ဘာလ၊ ၂၀၂၁။

တောင်တွင်းကြီးမြို့နယ် မောင်တိုင် ၁ရပ်ကွက်မှာရှိတဲ့ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝင်းမြင့်လှိုင်ရဲ့ နေအိမ်ကို စက်တင်ဘာလ ၇ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာ အမည်မသိသူနှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက တပ်စခန်းချထားတဲ့ နေရာနဲ့ ကိုက်တစ်ရာခန့်သာ

ကွာဝေးတဲ့ ဦးဝင်းမြင့်လှိုင်ရဲ့ နေအိမ်ကို အမည်မသိသူနှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ခြံစည်းရိုးကျော်ဝင်ကာ နေအိမ်က မှန်တံခါးတွေကို ရိုက်ခွဲဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဦးဝင်းမြင့်လှိုင်ဟာ ဖျက်ဆီးခံရတဲ့ နေအိမ်မှာ နေထိုင်ခြင်းမရှိတာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဩဂုတ်လ ၂၅ရက်နေ့ကလည်း အကြမ်းဖက်စစ်အုပ်စုကဟာ ဦးဝင်းမြင့်လှိုင်နေအိမ်ကို ဖျက်ဆီးဝင်ရောက်ပြီး CCTV တွေကို ဖြုတ်ယူသွားခဲ့သေးတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။