မန်ယူအသင်းရဲ့ ဂန္ထဝင်နံပါတ် ၇ အကြောင်းကို ကစားသမားဟောင်း ဒီမာရီယာ ဘာပြောလဲ 

၂၊ စက်တင်ဘာလ၊ ၂၀၂၁။

မန်ယူအသင်းရဲ့ တောင်ပံကစားသမားဟောင်း ဒီမာရီယာဟာ အသင်းရဲ့ ဂန္ထဝင် နံပါတ် (၇) နဲ့ ပတ်သက်လို့ ဒါဟာ တီရှပ်တစ်စုံသာဖြစ်တယ်လို့ ဒီနေ့ စက်တင်ဘာ ၂ရက်နေ့မှာ မှတ်ချက်ပြုလိုက်ပါတယ်။

ဒီမာရီယာက “ကျွန်တော်မန်ယူအသင်းရဲ့ နံပါတ် (၇) အကြောင်းကို ဂရုမစိုက်ပါဘူး။ တီရှပ်သာသာ ဝတ်စုံတစ်ခုလို့ပဲ မှတ်ယူခဲ့တယ်”လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

မန်ယူအသင်းကို စီရော်နယ်ဒို ပြန်လည် ရောက်ရှိလာခဲ့တဲ့နောက်မှာ အသင်းရဲ့ ဂန္ထဝင် နံပါတ် (၇) အကြောင်းဟာ သတင်းမီဒီယာတွေအထက် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် ဒီမာရီယာက အခုလို ပြောလိုက်တာပါ။

အသက် (၃၃) နှစ်အရွယ် အာဂျင်တီးနားသားဟာ မန်ယူအသင်းအတွက် တစ်ရာသီ ကစားခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ တစ်ရာသီဖြတ်သန်းမှုမှာ ပွဲပေါင်း (၃၂) ပွဲကစားပေးခဲ့ပြီး သွင်းဂိုး (၄) ဂိုး သွင်းယူပေးခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ဂန္ထဝင် နံပါတ် (၇)ကို အဲရစ်ကန်တိုနာ၊ ဘက်ခမ်းနဲ့ စီရော်နယ်ဒို စတဲ့ နာမည်ကြီးတွေ ဝတ်ဆင်ခဲ့တာကြောင့် အခုလို ဒီမာရီယာရဲ့ မှတ်ချက်ကိုတော့ ပရိသတ်အချို့က ဘဝင်မကျ ဖြစ်နေခဲ့ပါတယ်။

Delta News Agency

Read Previous

ပုလဲမြို့ ခင်သာကျေးရွာမှာ စစ်အုပ်စုက စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ပြီး ရွာသားတစ်ဦး သတ်ဖြတ်

Read Next

ပုသိမ်မှာ လူငယ်တွေကို PDF လို့ စွပ်စွဲပြီး အကြမ်းဖက်စစ်အုပ်စုက လိုက်လံဖမ်းဆီးနေ