ဝိုင်းမော်အခြေစိုက် ခလရ (၅၈)အနီး ပစ်ခတ်သံတွေ ထွက်ပေါ်

၂၄ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ဝိုင်းမော်မြို့ အခြေစိုက် ခလရ(၅၈) တပ်ရင်းအနီးမှာ ဩဂုတ်လ ၂၄ရက်နေ့ ည ၇နာရီ ၃၀မိနစ်အချိန်ခန့်က ပစ်ခတ်သံတွေ ပြန်လည်ထွက်ပေါ်နေပါတယ်။

“အကြီး ငါးချက်ရှိပြီ အသေးလဲ ပါတယ် တစ်ဖက်ပဲထင်တယ် အသေး(သေနတ်) ပစ်နေတယ် အခုကော ကြားနေတယ်။

ဆက်တိုက်ဆက်တိုက် ပစ်နေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခါ့ကွမ်းကျေးရွာမှာ ဩဂုတ်လ ၁၈ရက်နေ့ ည ၈နာရီခန့်ကလည်း ခလရ ၅၈တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရွလမ်းမပေါ် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ကိုလည်း လက်နက်ကြီးအစတွေ ကျရောက်ခဲ့ပါတယ်။

Credit-The 74 Media