၂၂၊ ဩဂုတ်လ၊ ၂၀၂၁။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြည် ၊ အသုတ် ၊ ငါးသိုင်းချောင်းမြို့က စစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေတွေ နာမည်စာရင်းကို မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ စာရင်းမှာပါသူတွေအတွက် နာမည်ရေးမှတ်ထားပြီးဖြစ်တဲ့ ကျည်တောင့်တွေ အသင့်ရှိနေပြီလို့ ကြေညာစာမှာ သတိပေးထားပါတယ်။
အဲဒီစာရင်းကို မြို့နယ်ဒေသခံတွေရဲ့ သေချာတဲ့သတင်းပေးပို့မှုအရ စုဆောင်းထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
DGWCF အဖွဲ့ဟာ ပြည်သူလူထုကို ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စစ်အုပ်စုဝင်တွေနဲ့ ဒလန်တွေကို ၃၅ကြိမ်တိုင် ပျောက်ကြားနည်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ်လ ၂၀ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။