၈၊ ဩဂုတ်လ၊ ၂၀၂၁။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းအမြောက်အများကို စစ်အုပ်စုတပ်က ဒီကနေ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လက်နက်တင်ဆောင်လာတဲ့ သတင်းကြိုရထားလို့ တောင်နီတောင်ခေါင်းကျေးရွာဘက်က မောင်းလာတဲ့ ထော်လာဂျီယာဥ်တစ်စီးကို စစ်အုပ်စုတပ်က မသင်္ကာလို့ ရပ်ခိုင်းခဲ့ရာ မောင်းပြေးသွားခဲ့တယ်လို့ ကြေးနန်းထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
အဲဒီနောက် စစ်အုပ်စုတပ်တွေက လိုက်လံပိတ်ဆို့ဖမ်းဆီးရာ ဆန်အိတ်နှင့်ဖွဲအိတ်တွေအောက်မှာ သယ်ဆောင်လာတဲ့ K-22 မောင်းပြန်ရိုင်ဖယ်အလက် ၆၀၊ အီနာဂါဗုံးသီး ၈၅ လုံး၊လက်ပစ်ဗုံးအလုံး ၈၀ လုံး၊ လက်နက်ငယ်ကျည် ၈၀၀၀၊ ကျည်ကပ် ၁၁၀နဲ့ စစ်ပစ္စည်းတွေကို တွေ့ရှိခဲ့ပြီး
သယ်ဆောင်လာသူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။