
၃ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။


Unicode
ဖြိုးမြတ်အောင် ထီးတင်မယ့်ဘုရားမှာ ငွေလာလှူတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းမိသားစု

၃ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဟင်္သာတမြို့ ၊ မြို့ပတ်လမ်းမှာ ရှိနေတဲ့ ကိုးနဝင်းစေတီကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမိသားစုက ငွေ ၁ သိန်း ၈ သောင်းလာလှူ သွားတယ်လို့ သိရပါတယ် ။ ဒီစေတီက Myanmar Idol မှာ Winner ဖြစ်ရင် ထီးတင်မယ်လို့ ဖြိုးမြတ်အောင် ရည်စူးထားတဲ့ စေတီပါ ။ ဦးသန်းရွှေရဲ့ သမက်တစ်ဦးက အင်္ဂပူမြို့နယ် ညောင်ကျိုး ဇာတိဖြစ်ပြီး ဟင်္သာတမြို့နယ် ဓမ္ဘီအုပ်စုထဲမှာလည်း ဘုရားတစ်ဆူ တည်ထားကိုးကွယ်လို့ အသွားအလာ အဆက်အသွယ် ရှိနိုင်တယ်လို့ မြို့ခံတွေက သုံးသပ်နေကြပါတယ် ။