သံလျင်ရေနံစက်ရုံ ရေလှောင်ကန် တာကျိုးပေါက်


” မီးသတ်ရော သက်ဆိုင်တဲ့ စစ်ဆေးရေးအဖွဲ့တွေကပါ စိုးရိမ်စရာမရှိဘူးလို့ ​ပြောသွားတယ်။ ပုံမှန်တော့ စောင့်ကြည့်ခိုင်းထားတယ် ”

၁၁၊ဩဂုတ်

သံလျင်မြို့နယ်က အမှတ်(၁)ရေနံချက်စက် ရုံမှာ သြဂုတ် ၁၀ ရက် ညနေပိုင်းက ရေလှောင်ကန် တာကျိုးပေါက်ခဲ့တာကို ထိန်းသိမ်းပြု ပြင်တာတွေ လုပ်ထားရပါတယ်။

“အန္တရာယ် မဖြစ်နိူင်​တော့ဘူးလို့ ပြောလည်း တာပေါက်ထားတဲ့နေရာက ရေအားနဲ့ ပြန်ဖြစ်မလားဆိုပြီး အနီးနားကသူတွေ စိုးရိမ်စိတ်တော့ ဖြစ်ရတာပဲ ” လို့ နယ်ခံတဦးကပြောပါတယ်။

သံလျင်အမှတ်(၁)ရေနံချက်စက်ရုံရဲ့ ၃ဧကနီးပါးရှိတဲ့ရေလှောင်ကန်မှာ လေးပေနီးပါးတာကျိုးပေါက်ခဲ့တာဖြစ်ပြီး အချိန်မီပိတ်ဆို့ပြင်ဆင်တာတွေလုပ်ခဲ့ပေမယ့် မိုးအခြေအ နေနဲ့ မြေသားခိုင်ခန့်မူအပေါ် စိတ်မချရပဲဖြစ်နေရတယ်လို့ ဆိုပါတယ်။

အဲဒီရေလှောင်ကန်အခြေအနေကို ပုံမှန်စောင့်ကြည့်စစ်ဆေးနေပြီး လက်ရှိမှာ အရေးပေါ်ဖြစ်နိူင်တဲ့ အနေအထား မတွေ့ရဘူးလို့ ရေနံချက်စက်ရုံ တာဝန်ကျ ဝန်ထမ်းတဦးက ဆိုပါတယ်။

” မီးသတ်ရော သက်ဆိုင်တဲ့ စစ်ဆေးရေးအဖွဲ့တွေကပါ စိုးရိမ်စရာမရှိဘူးလို့ ​ပြောသွားတယ်။ ပုံမှန်တော့ စောင့်ကြည့်ခိုင်းထားတယ် ” လို့ ပြောပါတယ်။

ရေလှောင်ကန် တာကျိုးပေါက်ချိန်မှာ တားဆီးပြင်ဆင်နိုင်ခဲ့လို့ လူနေရပ်ကွက်တွေထဲ ရေစီးဝင် နစ်မြုပ်တာ မရှိခဲ့သလို ထိခိုက်မှု မဖြစ်ခဲ့ဘူးလို့ ရန်ကုန်တိုင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

#သံလျင် #ရေနံစက်ရုံ #တာကျိုးပေါက် #ရန်ကုန်
#DeltaNewsAgency #DNA