ရန်ကုန်မှာ မီတာတွေကို ဓါတ်တိုင်ပေါ်ကနေ အိမ်ရှေ့ ပြန်​ရွှေ့

“မီတာပုံးရွှေ့ပြီးမှ တကယ်ကျသင့်တဲ့ မီတာခ ဟုတ်မဟုတ် ပြန်စစ်ကြည့်ရမှာ။ အခုက ပြောင်းရွှေ့ဖို့ တင်ထားတုန်း”

၁၁၊ဩဂုတ်

မီတာခနဲ့ပတ်သက်လို့ အငြင်း ပွားနေရတာတွေ လျော့နည်းအောင်ဆိုပြီး ဓာတ်တိုင်မှာ တပ်ဆင်ထားတဲ့ မီတာတွေကို နေအိမ်ရှေ့ တွေကို တခါပြန် ရွှေ့ပြောင်းတပ်ဆင်နေပါတယ်။

“မီတာဖတ်တာမမှန်ဘူး။ မီတာခပိုကုန်နေတယ်ဆိုပြီး သံသယမကင်းဖြစ်တာတွေ  ပြေလည်သွားအောင်ရည်ရွယ်တာ ” လို့

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း(YESC)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီဓာတ်တိုင်တွေမှာ တပ်ဆင်ထားတဲ့ မီတာပုံးတွေကို နေအိမ်ဥပစာမှာ ​ရွှေ့ပြောင်း တပ်ဆင်ချင်တဲ့ မီးအသုံးပြုတွေရဲ့  ဆန္ဒပြုစာရင်း ပေးထားတဲ့ အစဥ်လိုက် တပ်ဆင်ပေးသွားမှာလို့ YESC က အသိပေးထားပါတယ်။

အရင်က ဓာတ်တိုင်တွေမှာ တပ်ဆင်ထားတဲ့ အိမ်သုံးမီတာ၊ပါဝါမီတာတွေကို အလွယ်တကူ ဖတ်ရူနိူင်မယ့် အိမ်ရှေ့ဥပစာ ရေ၊မိုးကင်း လွတ်တဲ့နေရာ အမြင့်၆ပေလောက်မှာ ပြောင်းရွှေ့တပ်ဆင်သွားမှာလို့ ဆိုပါတယ်။

အခုပြန်လည် တပ်ဆင်တဲ့အခါ Service Wire ကိုမလဲရအောင် အတတ်နိုင်ဆုံး သတိထားလုပ် ဆောင်မှာဖြစ်ပြီး မီတာပုံးခွံ၊ Breaker နဲ့ ဆက်စပ်ပစ္စည်း ဝယ်ယူရမယ့် ကုန်ကျ​ငွေကို ဓာတ်အားသုံးစွဲသူက ကျခံရမှာလို့ အသိပေး ထားပါတယ်။

“မီတာပုံးရွှေ့ပြီးမှ တကယ်ကျသင့်တဲ့ မီတာခ ဟုတ်မဟုတ် ပြန်စစ်ကြည့်ရမှာ။ အခုက ပြောင်းရွှေ့ဖို့ တင်ထားတုန်း” လို့ မင်္ဂလာဒုံမြို့နယ်၊ပေါက်ကုန်းရပ်ကွက်မှာ နေသူတဦးက ပြောပါတယ်။

မီတာပြောင်းရွှေ့ တပ်ဆင်လိုတဲ့ သူတွေအနေနဲ့ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှာ အဆို ပြုစာရင်း ပေးသွင်းရမှာ ​ဖြစ်ပြီး စာရင်းမှတ်တမ်း  Register အတိုင်းဆောင်ရွက်ပေးသွားမှာလို့  သိရပါတယ်။

အဲဒီလို မီတာပုံးပြောင်းရွှေ့တာက မီးသုံးစွဲသူတွေနဲ့ မီတာခ အငြင်းပွားရတာ လျော့နည်းစေတာအပြင် ဓာတ်အားပျောက်ဆုံးမှု နည်းစေမှာ ဖြစ်တယ်လို့ YESCက ဆိုပါတယ်။

Photo – YESC