
Max Technology နားကြပ်စက်ရုံမှာ အရင်ကလည်း အလုပ်သမားအခွင့်ရေး ချိုးဖောက်မှုတွေကြောင့် လုပ်ငန်းခွင် အငြင်းပွားမူတွေ ရှိခဲ့ပြီး စက်ရုံမှာ ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့ ပြိုကွဲအောင် ဦးဆောင်သူတွေကို အကြောင်းမဲ့ အလုပ်ထုတ်တာတွေ လုပ်လာတာလို့ အဲဒီစက်ရုံလုပ်သားတွေက ဆိုပါတယ်။
၂၄၊ဇူလိုင်
ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မူဇုန်က Max Technologyနားကြပ်စက်ရုံမှာ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဌအပါအဝင် ၄ ဦးကိုအလုပ်ပြန်ခန့်ဖို့ စက်ရုံအလုပ်သမားတွေက တောင်းဆိုနေကြတာပါ။
အဲဒီစက်ရုံမှာ အလုပ်သမားသမဂ္ဂအတွင်း ရေးမှူးအပါအဝင် အမူဆောင်အဖွဲ့ဝင် ၂ ဦးကို အလုပ်ထုတ်လိုက်လို့ လုပ်ငန်းခွင် အငြင်းပွားမူ ရှိနေချိန်မှာ သမဂ္ဂဥက္ကဌကိုပါ ထပ်ပြီး အလုပ်ထုတ်လိုက်တာကြောင့် သူတို့ကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုနေတာ ဖြစ်ပါတယ်။
အလုပ်သမားတွေက သမဂ္ဂခေါင်းဆောင် ၄ ဦးကို အလုပ်ပြန်ခန့်ရေး အချက်ကိုပဲ တောင်းဆိုနေကြတာ ဖြစ်သလို အလုပ်ထုတ်လိုက်တဲ့ လုပ်ရပ်က အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ချိုးဖောက်တာ ဖြစ်တာကြောင့် အရေး ယူပေးဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမား ညွန်ကြားရေးဦးစီးဌာန (အလည)ဆီ တိုင်စာပေးပို့ ထားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က အသိပေး ထုတ်ပြန်ထားပါတယ်။
“အလုပ်ထုတ်ထားသည့် EC ၄ ဦး အလုပ်ခန့် မလား၊ တရားစွဲခံမလား ဒီနှစ်ခုကို လုပ်ငန်းရှင်က ရွေးရမှာပါ။တရားစွဲခံတဲ့အခါ ဒါဏ်ကြေးက ငွေဒါဏ်ဘဲ ဆောင်နိုင်တယ်လို့ မတွေးထားပါနဲ့။ပိုင်ရှင် သည် နိုင်ငံခြားသား ဖြစ်သဖြင့် လဝက ဥပဒေ နဲ့ ဆက်လာပါလိမ့်မယ် ” လို့ STUM တာဝန်ရှိသူက မှတ်ချက်ပြု ပြောဆိုထားပါတယ်။
Max Technology နားကြပ်စက်ရုံမှာ အရင်ကလည်း အလုပ်သမားအခွင့်ရေး ချိုးဖောက်မှုတွေကြောင့် လုပ်ငန်းခွင် အငြင်းပွားမူတွေ ရှိခဲ့ပြီး စက်ရုံမှာ ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့ ပြိုကွဲအောင် ဦးဆောင်သူတွေကို အကြောင်းမဲ့ အလုပ်ထုတ်တာတွေ လုပ်လာတာလို့ အဲဒီစက်ရုံလုပ်သားတွေက ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မူဇုန် Bontech အထည်ချုပ်စက်ရုံမှာလည်း ဒီလအတွင်း သမဂ္ဂအဖွဲ့ဝင် ၃ ဦး အလုပ်ထုတ်ခံရတဲ့ ဖြစ်ရပ်ရှိခဲ့ပြီး ဇူလိုင် ၂၃ ရက်မှာ နှစ်ဖက်ညှိနှိုင်းချက်အရ ၂ ဦးကို အလုပ်ပြန်ဝင်ခွင့်ပြုခဲ့ပြီး ကျန်တဦးကို နစ်နာကြေးနဲ့ အလုပ်ထွက်ခွင့်ပြုတဲ့ သဘောတူညီချက် ရရှိခဲ့ပါတယ်။
အလုပ်သမားအရေးလှုပ်ရှားမှု တဆက်တည်း ဖြစ်စဥ်တခုဖြစ်တဲ့ လှိုင်သာယာမြို့ နယ်ထဲက Spring Moon အထည်ချူပ်စက်ရုံမှာ အခြေခံလုပ်ခနဲ့ တခြားခံစားခွင့်တွေ ရရှိဖို့ အလုပ်သမားတွေ တောင်းဆိုနေတာ ၁၇ ရက်မြောက်ရှိလာတဲ့အထိ ပြေလည်မှုမရသေးဘူးလို့ အနီးကပ် စောင့်ကြည့်နေတဲ့ အလုပ်သမားအဖွဲ့အစည်းတွေဆီက သိရပါတယ်။
Photo- STUM