အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီကတော့ အစ္စလာမာဘတ်မြို့ကို ရောက်ရှိနေပြီဖြစ်ပေမဲ့ အခုခရီးစဉ်အတွင်းမှာအမေရိကန်နဲ့ ဆွေးနွေးဖို့ အစီအစဉ်မရှိသေးဘူးလို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြနေပါတယ်။
၂၅၊ ဧပြီ။
အီရန်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်သူ ဂျဲရတ် ကွတ်ရှ်နာတို့ဟာ ပါကစ္စတန်နိုင်ငံကို သွားနေကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီကတော့ အစ္စလာမာဘတ်မြို့ကို ရောက်ရှိနေပြီဖြစ်ပေမဲ့ အခုခရီးစဉ်အတွင်းမှာအမေရိကန်နဲ့ ဆွေးနွေးဖို့ အစီအစဉ်မရှိသေးဘူးလို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြနေပါတယ်။
အဆိုပါ မှတ်ချက်နဲ့ ပတ်သတ်ပြီး အိမ်ဖြူတော်ကို မေးမြန်းရာမှာတော့ ချက်ချင်းပြန်ဖြေလာတာ မရှိသေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ပါကစ္စတန်အနေနဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ အီရန်ရဲ့ သဘောထားတွေကို တဆင့်ပြန်လည် ပေးပို့ပေးမယ့်ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးနိုင်တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံဌာနက ဆိုပါတယ်။
သမ္မတ ထရမ့်ကတော့ အီရန်ဘက်က အမေရိကန်ကို စိတ်ကျေနပ်မှုပေးနိုင်မယ့်ကမ်းလှမ်းချက်တခု ပြင်ဆင်ထားတယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
တခြားတဘက်မှာလည်း အစ္စရေးစစ်တပ်နဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့ဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်ဆိုပြီး အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ဒါဟာ အစ္စရေး-လက်ဘနွန် အပစ်အခတ်ရပ်စဲရေးကို သုံးပတ်ကြာ သက်တမ်းတိုးတယ်လို့ ထရမ့်ကြေညာပြီးနောက်မှာ ဖြစ်လာတာပါ။
Ref – BBC