ကျန်းမာရေးနဲ့ အထည်ချုပ်ဝန်ထမ်းတွေ ပါ၀င်လာတဲ့ပုသိမ်ကိုဗစ်လူနာသစ်(၂၂)ဦး

၂၃၊ဒီဇင်ဘာ၊၂၀၂၀။

ပုသိမ်မြို့မှာမနေ့(၂၂)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။

ရောဂါတွေ့သူတွေထဲမှာ ပုသိမ်ဆေးရုံမှာအနံပျောက်လို့လာပြသူမီးရထား၀န်ထမ်းအမျိုးသား(၁)ဦး၊အမျိုးသမီး(၆)ဦးရောဂါပိုးတွေ့ခဲ့ပါတယ်။

အနံပျောက်သူတွေထဲမှာ မီးရထား၀န်ထမ်းတစ်ဦး၊ဒီဇင်ဘာ(၁၉) ရက်နေ့ထိအလုပ်ဆင်းထားတဲ့ချိုင်မွန်စပေါ့ အထည်ချုပ်စက်ရုံက ၀န်ထမ်းတစ်ဦး၊ (၁၅)ရက်နေ့ထိအလုပ်ဆင်းတဲ့ ဟီရှန်းအထည်ချုပ်စက်ရုံကအမျိုးသမီးတစ်ဦးနဲ့ ပုသိမ်ဆေးရုံကအထက်တန်းသူနာပြုဆရာမတစ်ဦးတို့ပါ၀င်ပါတယ်။


ပုသိမ်ခရိုင်မီးသတ် ကိုဗစ်ရောဂါစစ်ဆေးရေးစခန်းကို အနံပျောက်လို့လာပြီးစစ်ဆေးခဲ့တဲ့ ကုလားကုန်းဈေးကကြက်သားရောင်းသူ အမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူတို့မှာလဲရောဂါရှာဖွေတွေ့ခဲ့ပါတယ်။

ရောဂါရှိသူနဲ့ထိစပ်မူရှိလို့အသွားအလာကန့်သတ်ထားသူတွေကိုစစ်ဆေးခဲ့ရာမှာတော့အမျိုးသား(၆)ဦးနဲ့အမျိုးသမီး (၇)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့ပါတယ်။

ရောဂါတွေ့သူတွေထဲမှာ ကြိုးတံတားဂိတ်က၀န်ထမ်းတွေရဲ့မိသားစု၀င်(၄)ဦး ခရီးသည်တင်ရေယာဥ်စာရေးတစ်ဦးနဲ့အချုပ်ကြနေတဲ့အမျိုးသားတစ်ဦးပါ၀င်
တယ်လို့ဖော်ပြထားပါတယ်။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၆၂၆)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၄၅၈)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။