လော့စ်အိန်ဂျလိစ်မှာ ညမထွက်ရအမိန့်ထုတ်ပြန်

အများပိုင်အဆောက်အအုံတွေကို ဖျက်ဆီးတာတွေနဲ့ လုယက်တာတွေကို ရပ်တန့်ဖို့ အခုလို ထုတ်ပြန်တာလို့မြို့တော်ဝန် Karen Bass က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

၁၁ ၊ ဇွန်လ

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ လူထုအုံကြွမှု အရှိန်မြင့်လာတဲ့ ၅ရက်မြောက် ဇွန်လ ၁၀ရက် ညပိုင်းမှာပဲ မြို့လယ်ခေါင်ဧရိယာကို ၈နာရီကနေ မနက် ၆နာရီအထိ ညမထွက်ရအမိနိ့ထုတ်ပြန်လိုက်ပါတယ်။

အများပိုင်အဆောက်အအုံတွေကို ဖျက်ဆီးတာတွေနဲ့ လုယက်တာတွေကို ရပ်တန့်ဖို့ အခုလို ထုတ်ပြန်တာလို့မြို့တော်ဝန် Karen Bass က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

လာမယ့်ရက်ပိုင်းအထိ ညမထွက်ရအမိန့် သက်ရောက်မှာဖြစ်ပြီး အလုပ်သွားသူတွေ၊ အရေးပေါ် စောင့်ရှောက်မှုပေးနေရသူတွေနဲ့ အရေးပေါ်ဝန်ထမ်းတွေ ချွင်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။

အမိန့်ထုတ်ပြန်ထားပေမယ့် ဒေသစံတော်ချိန် ည ၈နာရီကျော်အထိ မြို့လယ်ခေါင်မှာ ဆန္ဒပြသူတွေ စုဝေးနေကြသေးတယ်လို့ ဘီဘီစီသတင်းဌာနရဲ့ တိုက်ရိုက်တင်ဆက်မှုမှာ ဖော်ပြထားပါတယ်။

အမေရိကန်မှာတရားမဝင်နေထိုင်သူတွေနဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို စီးနင်းဖမ်းဆီးမှုတွေကို တုံ့ပြန်ကြရာကနေ လူထုအုံကြွမှုနဲ့ ပဋိပက္ခတွေ မြင့်တက်လာပြီး သမ္မတထရမ့်ကတော့ ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွင်းဖို့ ကြိုးစားနေတာပါ။

မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ဆိုပြီး သမ္မတထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြည်စောင့်တပ် ၂၀၀၀ ကို စေလွှတ်ခဲ့တဲ့အပြင် မရိန်းတပ်သား ၇၀၀ဟာလည်း လော့စ်အိန်ဂျလိစ့်မြို့ကို ရောက်နေပါပြီ။

ထရမ့်အစိုးရအနေနဲ့ ပြည်စောင့်တပ်တွေ စေလွှတ်တာဟာ  ဖက်ဒရယ်ဥပဒေကိုချိုးဖောက်တာလို့ ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက သတိပေးထားပါတယ်။

Ref – BBC