၁၀၊ဇွန်လ။
ဒီဘီဗွီရုပ်သံရဲ့ဒီဘိတ်အစီအစဉ်တခုမှာ အစီအစဉ် တင်ဆက်သူက “တိုင်းရင်းသားလူငယ်တွေလက် နက်ကိုင်နေတာ ပညာမတတ်လို့လား ဆင်းရဲလို့လား” လို့ ချင်းတိုင်းရင်းသားတဦးဖြစ်တဲ့ ဒေါက် တာဆလိုင်းလျန်မှုန်းဆာခေါင်ကိုမေးပါတယ်။
ဆလိုင်းလျန်မှုန်းဆာခေါင်က “အဲဒါဆို စောဘဦးကြီးကြည့်ဗျာ သူ့အဖေကလယ်ဧကပေါင်းထောင် ချီပိုင်တယ် အင်္ဂလန်က ကိန်းဘရစ်တက္ကသိုလ်က ဥပဒေဘွဲ့ရတယ် ချင်းတောသားလေးကျွန်တော်လည်းစာကိုခက်ခက်ခဲခဲသင်ခဲ့ရတယ်’ လို့ပြန်ဖြေခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံးရဲ့ပထမဆုံးဥက္ကဌဖြစ်ခဲ့တဲ့စောဘဦးကြီးကို ဧရာဝတီတိုင်း ကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ကျေးရွာမှာ အဖဦးသာမြတ် ကြီး၊ အမိဒေါ်နော်အေးနုတို့က ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ မိဘများမှာ ကရင်လူမျိုးများဖြစ်ကြပြီး ခရစ်ယာန် ဘာသာဝင်ဖြစ်ကြကာ ချမ်းသာကြပါတယ်။မူလတန်းမှ အထက်တန်းအထိ ကရင်ဘာသာဖြင့် သင်သောကျောင်းမှာ တက်ခဲ့ပါတယ်။ ၁၉၂၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် လန်ဒန် သို့ သွားရောက်ကာ ကိန်းဘရစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ဥပဒေဘွဲ့ ရရှိခဲ့ပါတယ်။
၁၉၃၇ ခုနှစ်မှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ဒေါက် တာဘမော် အစိုးရလက်ထက်မှာဘဏ္ဍာရေးဝန်ကြီး အဖြစ် ၁၉၃၇ – ၁၉၃၉ အထိထမ်းဆောင်ခဲ့ပါတယ်။အဲဒီနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဖေဖော်ဝါရီ ၁၉၄၇ တနှစ်တာသာ ထမ်းဆောင်ခဲ့ပြီး ကရင်လူမျိုးများရဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် စက်တင် ဘာမှာ ကရင်ဗဟို ခေါင်းဆောင်များအနက် တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၁၉၄၆ ခုနှစ် ဩဂုတ် ၂၅ ရက် နေ့မှာ စောဘဦးကြီးနဲ့ အခြားကရင်ခေါင်းဆောင် များဟာ ကရင်နိုင်ငံဖြစ်မြောက်ရေးအတွက် လန်ဒန်သို့အရေးဆိုပေမဲ့အောင်မြင်ခဲ့ပေ။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ရက်နေ့မှာ ဗြိတိသျှအစိုးရဟာ အောင် ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ဖဆပလ အဖွဲ့ကို မြန်မာနိုင်ငံအား အုပ်ချုပ်စေခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်မှာ စောဘဦးကြီးဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသော ဖဆပလ အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဖဆပလ ရဲ့ နိုင်ငံရေး လမ်းစဉ်များအား သဘောမတူညီတော့သဖြင့် ကရင်အမျိုးသား အစည်းအရုံးကို တည်ထောင်ရန် အဖွဲ့မှ ထွက်ခဲ့ပါတယ်။
စောဘဦးကြီးဟာ ကရင်လူမျိုးအဖွဲ့အစည်းများနဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကာ ကရင်အမျိုးသား အစည်းအရုံးကို ဖွဲ့စည်းခဲ့ပါတယ်။အစည်းအရုံးဟာ ကရင်လူဦးရေ အချိုးအစားနဲ့ အညီ ကရင်အမတ်ဦးရေ သတ်မှတ်ပေးရန်၊ ကရင် အများစု နေထိုင်သည့်ဒေသများတွင် ကရင် အမျိုး သားများအတွက် သီးသန့် မဲဆန္ဒမြေ သတ် မှတ်ပေးရန်၊ ကရင်စစ်တပ် ထားရှိခွင့်ပေးရန်၊ သီးခြား ကရင်ပြည်နယ် ထူထောင်ခွင့်ပေးရန် စတဲ့တောင်း ဆိုချက်များကို ဗြိတိသျှအစိုးရထံ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။
ဖဆပလအစိုးရနှင့် ဆွေးနွေးမှုများ မအောင်မြင်ခဲ့တဲ့အတွက်၁၉၄၉ ခုနှစ်မှာစောဘဦးကြီးဟာကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO) ကိုဖွဲ့စည်းကာ လက်နက်ကိုင်ခဲ့ပါတယ်။
စောဘဦးကြီးဟာ ၁၉၅၀ ပြည့်၊ ဩဂုတ်လ ၁၂ ရက်မှာ ကော့ကရိတ်မြို့အနီးရှိ ထော့ကိုကိုးရွာသို့ ရောက်ရှိနေပါတယ်။မိုးတွေလေတွေ သည်းထန်နေတဲ့ကြားကတာဝန်နဲ့လူမျိုးအတွက်ခရီးဆက်ခဲ့ပါတယ်။ထီးစွမ်းရွာသားမောင်အဲဟာ စောဘဦးကြီးကိုကောင်းစွာကြိုဆိုသယောင်နဲ့ နဘူးမှာရှိတဲ့ရန်သူ့တပ်ကိုသတင်းပေးခဲ့ပါတယ်။ညအချိန်ပင်ပင်ပန်းပန်းချီတက်ခဲ့ရတဲ့ စောဘဦးကြီးတို့အဖွဲ့အနားယူနေချိန် နံနက်ဝေလီဝေလင်းအချိန်မှာ စစ်တပ်ကဝင် ရောက်တိုက်ခိုက်ပြီး စောဘဦးကြီးကျဆုံးခဲ့ရရှာပါတယ်။ စောဘဦးကြီးကိုလုပ်ကြံသူက နောင် ၇ရက်သမ္မတဖြစ်လာတဲ့ ဗိုလ်ကြီးစိန်လွင်ဖြစ်ပါတယ်။
စောဘဦးကြီး ကွယ်လွန်ခဲ့တဲ့ ဩဂုတ်လ ၁၂ရက်နေ့ ကို ကရင်အာဇာနည်အနေ့အဖြစ် သတ်မှတ်ထားပါတယ်။
စောဘဦးကြီးကျဆုံးကြောင်းကိုကြားရတဲ့အခါ
ဗမာပြည်ရဲ့ ဘုရင်ခံဟောင်းဆာဒေါ်မန်စမစ်က
လန်ဒန်တိုမ်းသတင်းစာအယ်ဒီတာထံ စာတစောင် ရေးခဲ့ပါတယ်။ “အောင်ဆန်း ဦးစော စောဘဦးကြီး ဦးတင်ထွဋ် စသည့်အစွမ်းအစရှိသော ခေါင်းဆောင် များ ဆုံးရှုံးရခြင်းမှာဗမာပြည်အတွက်ဝမ်းနည်းစရာပင် ‘ဟုရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလွတ်လပ်ရေးရပြီးကတည်းက ပေါ် ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်မှုဟာ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ရေးကြောင့် ဖြစ်ပြီး ပညာမဲ့မှုနဲ့ဆင်းရဲမွဲတေမှုကြောင့်သူပုန်ထနေခြင်းမဟုတ်ကြောင်း စောဘဦးကြီးရဲ့မူ ၄ချက်ကိုဖော်ပြရင်း နိဂုဏ်းချုပ်ပါရစေ။
လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ။
ကရင့်လက်နက် ကရင်လက်ထဲတွင်ရှိရမည်။
ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်။
ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်။
#ဘဲဂရက်ရွာသား #တော်လှန်ရေးသမား #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH