မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်

အမေရိကန်ကိုရောက်လာပြီး ဗီဇာသက်တမ်းကျော်လွန်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေများတာကြောင့် မြန်မာကို ပြည်ဝင်ခွင့်ပိတ်တဲ့စာရင်းထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်တာလို့  ထည့်သွင်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

၅၊ ဇွန်

အမေရိကန်သမ္မတ ထရမ့်ဟာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်နိုင်ငံဆီ ဝင်ရောက်ခွင့် ပိတ်ပစ်လိုက်တဲ့ အမိန့်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်းအိမ်ဖြူတော်ရဲ့ ဇွန် ၄ ရက်နေ့က ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။

အခုလို ပိတ်ပစ်လိုက်တဲ့ ရည်ရွယ်ချက်အနေနဲ့ နိုင်ငံခြားရေးမူဝါဒ၊ အမျိုးသား လုံခြုံရေးနဲ့ အကြမ်းဖက်မှု တားဆီးရေး စတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ထရမ့် လက်မှတ်ရေးထိုး ပိတ်ပင်လိုက်တဲ့ နိုင်ငံတွေထဲ အာဖရန်နစ္စတန်၊ မြန်မာ၊ ချက်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတာတိုးရီ ဂီနီ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်တို့ ပါဝင်ပြီး အဲဒီနိုင်ငံတွေက နိုင်ငံသားတွေကို အမေရိကန်က နိုင်ငံတွင်း ဝင်ရောက်ခွင့် အပြည့်အဝ ကန့်သတ်လိုက်တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားတို့ကိုလည်း အမေရိကန်ပြည်ဝင်ခွင့် တစိတ်တပိုင်း ကန့်သတ်လိုက်ပါတယ်။

အမေရိကန်ကိုရောက်လာပြီး ဗီဇာသက်တမ်းကျော်လွန်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေများတာကြောင့် မြန်မာကို ပြည်ဝင်ခွင့်ပိတ်တဲ့စာရင်းထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်တာလို့  ထည့်သွင်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

သမ္မတ ထရမ့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ သူ သမ္မတအဖြစ် တာဝန်ထမ်းဆောင်တဲ့ ရက်မှာပဲ တားမြစ်ကန့်သတ်မယ့် နိုင်ငံတွေအတွက် အမိန့်ထုတ်ခဲ့ပြီး မတ်လ ၂၁ ရက်နေ့ မတိုင်ခင် နိုင်ငံစာရင်းတွေကို အပြီးတင်ပြရမယ်လို့ အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ထရမ့်စိုးရိမ်ချက်ထဲမှာ အမျိုးသားလုံခြုံရေးအတွက်အပြင် ပိတ်ပင်ထားတဲ့ နိုင်ငံတွေက နိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံတွင်း ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုတွေကြောင့် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို ပြည်ဝင်ခွင့်တားမြစ်၊ ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ အခွင့်အရေးကာကွယ်သူတွေနဲ့ ကျွမ်းကျင်သူတွေက ဒါဟာ လူမျိုးတမျိုး၊ လူတစုပေါ် အခြေခံပြီး ခွဲခြားသတ်မှတ်တာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ပိတ်ပင်၊ ကန့်သတ်ချက်တွေဟာ မိသားစုတွေကို ကွဲကွာသွားစေနိုင်ပြီး ဒီလိုအခြေအနေတွေဟာ သမ္မတ ထရမ့်ရဲ့ ပထမသက်တမ်းမှာလည်း ဖြစ်ခဲ့ဖူးတာကြောင့် အမေရိကန်နိုင်ငံထဲမှာ အထူးသဖြင့်တခြားနိုင်ငံက ပြောင်းရွှေ့နေထိုင်ကြတဲ့ လူမှုအသိုင်းအဝိုင်းတွေအပေါ် သက်ရောက်စေမှာ ဖြစ်ပါတယ်။