ငယ်စဉ်က ဆင်းရဲတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်လာခဲ့ရသူ အသက် ၆၁နှစ်အရွယ် သမ္မတ လီဂျေမြောင်ဟာ အခုအခါမှာတော့ မညီမျှမှုတွေနဲ့ အကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်သွားမယ်လို့ ကတိပြုထားပါတယ်။
၄၊ ဇွန်
တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတသစ်ဖြစ်လာတဲ့ လီဂျေမြောင်ဟာ လာမယ့် သူရဲ့ သမ္မတသက်တမ်း ငါးနှစ်သက်တမ်းအတွင်း အမေရိကန်၊ ဂျပန်ပါဝင်တဲ့ သုံးနိုင်ငံမဟာမိတ် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့ ဇွန်လ ၄ ရက် ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်
ဒါ့အပြင် မြောက်ကိုရီးယားနဲ့လည်း ဆွေးနွေးရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်သွားမှာဖြစ်ပြီး အခုထုတ်ပြောထားတဲ့ မူဝါဒတွေဟာ သူ့ရဲ့ အဓိက လုပ်ဆောင်သွားမယ့် ရည်ရွယ်ချက်တွေလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ငယ်စဉ်က ဆင်းရဲတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်လာခဲ့ရသူ အသက် ၆၁နှစ်အရွယ် သမ္မတ လီဂျေမြောင်ဟာ အခုအခါမှာတော့ မညီမျှမှုတွေနဲ့ အကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်သွားမယ်လို့ ကတိပြုထားပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် သမ္မတဟောင်း ယွန်းဆွတ်ယိုး ရာထူးက ဆင်းပေးရပြီးနောက် သမ္မတ ရွေးကောက်ပွဲထပ်လုပ်ခဲ့ရာကနေ အနိုင်ရပြီး လီဂျေမြောင်ဟာ တောင်ကိုရီးယားရဲ့ သမ္မတသစ်ဖြစ်လာခဲ့ပါတယ်။
သမ္မတအဖွင့်မိန့်ခွန်းမှာ လီဂျေမြောင်က တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားအကြား ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆက်သွယ်လေး လမ်းကြောင်းတစ်ခု ဖွင့်ထားမှာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်ူ လက်တွေ့ကျတဲ့ နိုင်ငံရေးမူဝါဒတွေနဲ့ သံတမန်ဆက်ဆံရေးကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်သလို ခိုင်မာတဲ့ မဟာမိတ်တွေဖြစ်တဲ့ ဆိုးလ်-ဝါရှင်တန်-တိုကျို တို့ရဲ့ သုံးနိုင်ငံမိတ်ဖက် ပူးပေါင်းမှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
သမ္မတသစ်ဖြစ်လာတဲ့ လီဂျေမြောင်လက်ထက်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒတွေဟာ ချက်ချင်း ပြောင်းလဲသွားမယ့် အလားအလာ ရှိမလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမဲ့ လီဟာ အရင်က တရုတ်၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို အလေးပေးတဲ့သူ တစ်ဦးအဖြစ် ဝေဖန်မှုတွ ရင်ဆိုင်ခဲ့ရပေမဲ့ အခုအခါမှာ အမေရိကန်နဲ့ ဂျပန် ဆက်ဆံရေးကို အထူးအလေးပေးပြောဆိုလာတာကို တွေ့မြင်နေရတယ်လို့ ဆိုကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်စည်းကျပ်မှု မူဝါဒတွေနဲ့ မြောက်ကိုရီးယားရဲ့ တိုးတက်နေတဲ့ နျူကလီးယားအစီအစဉ်တွေဟာ သူရင်ဆိုင်ရမှု အဓိက စိန်ခေါ်မှုတွေအဖြစ် ရှိနေပါတယ်။
Ref – AP