ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာမှာ ဒီနေ့မနက် ၇ နာရီခွဲခန့်က ခရီးသည်တင်ကား တစီး လမ်းဘေးထိုးကျခဲ့ပြီး ယာဉ်မောင်း သေဆုံးသွားပါတယ်။
ကျုံပျော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ခေတ်မီ ခရီးသည်တင်ကားဟာ ရှေ့ကားကို ကျော်တက်တဲ့အချိန် အရှိန်မထိန်းနိုင်ပဲ လေးဘေးကို ထိုးကျသွားခဲ့ပြီး မလေးရှားပိတောက်ပင်နဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။
သစ်ပင်နဲ့ တိုက်မိတာကြောင့် ကားခေါင်းပိုင်း တခုလုံး ကြေမွသွားခဲ့ပြီး လိုက်ပါလာတဲ့ ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာ ရသူတွေကို ဒေသခံ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေး အသင်းတွေရဲ့ အကူညီနဲ့ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဧရာဝတီတိုင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။