ထိုင်းမှာ တပတ်အတွင်း ကိုဗစ်ကူးစက်မှု ၅သောင်းကျော်မြင့်တက်လာပြီး ၅ဦးသေဆုံး

ထိုင်းတနိုင်ငံလုံးစာရင်းအရ အခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကနေ မေလ ၂၆ရက်နေ့အထိ ကိုဗစ်ကူးစက်မှု ၁၈၆,၉၅၅ ရှိပြီး သေဆုံးသူ ၄၆ဦးရှိပါတယ်။

၂၇ ၊ မေ

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ လျင်လျင်မြန်မြန်တိုးမြင့်လာနေချိန် ပြီးခဲ့တဲ့ သီတင်းပတ်တပတ်တည်းမှာတင် ကူးစက်မှု ၅၃,၅၆၃ ရှိပြီး ၅ဦး သေဆုံးခဲ့ကာ ဘန်ကောက်မြို့က ကူးစက်မှု အများဆုံးဖြစ်တယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

အဲ့ဒီအရေအတွက်ဟာ မေလ ၁၈ရက်ကနေ ၂၄ရက်အတွင်း ကူးစက်မှု ဖြစ်ပြီး အသက် ၃၀ကနေ ၃၉နှစ်အကြား အများဆုံးအရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Samut Prakan မြို့က စာသင်ကျောင်းတခုမှာ ကိုဗစ် ကူးစက်မှု ဖြစ်ပွားပြီးနောက် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ အွန်လိုင်းကနေ သင်ကြားဖို့ ပြောင်းလဲလိုက်ရတယ်လို့ သိရပါတယ်။

ထိုင်းတနိုင်ငံလုံးစာရင်းအရ အခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကနေ မေလ ၂၆ရက်နေ့အထိ ကိုဗစ်ကူးစက်မှု ၁၈၆,၉၅၅ ရှိပြီး သေဆုံးသူ ၄၆ဦးရှိပါတယ်။

အထူးသဖြင့် မိုးရာသီနဲ့ ကျောင်းဖွင့်ရာသီအတွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ၊ စာသင်ကျောင်း ၊ ဆေးရုံနဲ့ လူအိုစောင့်ရှောက်ရေးစင်တာ စတဲ့ လူများတဲ့နေရာတွေမှာ ကူးစက်မှု မြင့်မားနိုင်တယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက မှတ်ချက်ပြုပါတယ်။

Ref – Bangkok Post and The Nation Thailand

Photo Credit – Nutthawat Wichieanbut)