နိုင်ငံတကာ ကျောင်းသားတချို့ရဲ့ အချက်အလက်တချို့ပေးဖို့ ထရမ့်အစိုးရရဲ့ တောင်းဆိုချက်ကို ဟားဗက်တက္ကသိုလ်ဘက်က ပယ်ချခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
၂၃၊ မေ
ထရမ့်အစိုးရက ကမ္ဘာကျော်ဟားဗတ်တက္ကသိုလ်မှာ နိုင်ငံတကာ ကျောင်းသားတွေ တက်ရောက်ခွင့် အစီအစဉ်ကို မေလ ၂၂ ရက်နေ့မှာ ရုတ်သိမ်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုရုပ်သိမ်းမှုကြောင့် နိုင်ငံတကာက ကျောင်းသားတွေအနေနဲ့ တခြားကျောင်းကို ရွှေ့ပြောင်းရဖို့နဲ့ ဥပဒေအရ တရားဝင်နေထိုင်ခွင့်ပါ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။
အမိမြေလုံခြုံရေးဝန်ကြီး Kristi Noem ကတောာ့ ဟားဗတ်တက္ကသိုလ်ရဲ့ (Student and Exchange Visitor Program – SEVP) အတည်ပြုချက်ကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကနေစပြီး ဖျက်သိမ်းကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။
ဒီအမိန့်ထုတ်ပြန်ချက်အရ ဟားဗတ်တက္ကသိုလ်မှာ တက်ရောက်ခွင့်ရမယ့် နိနိုင်ငံတကာ ကျောင်းသားသစ်တွေသာမက လက်ရှိတက်ရောက်နေတဲ့ကျောင်းသားတွေပါ ပြောင်းရွေ့ရမှာပါ။
အမိမြေလုံခြုံရေးဝန်ကြီး Kristi Noem ကတော့ ဟားဗတ်တက္ကသိုလ်ဟာ အကြမ်းဖက်မှု လှုံ့ဆော်ပေးတာတွေ၊ ဂျူးဆန့်ကျင်ရေးဝါဒအပြင် တရုတ်ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းနေတယ်လို့ စွပ်စွဲထားပါတယ်။
ဟားဗတ်တက္ကသိုလ်ဘက်ကတော့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်တွေဟာ ကျောင်းသားထောင်ချီကို သက်ရောက်စေပြီး အရေးယူမှုတွေဟာ တရားဝင်မှု မရှိဘဲ တက္ကသိုလ်အပေါ် ပြန်လည် အပြစ်ပုံချရေး သပ်သပ်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
နိုင်ငံတကာ ကျောင်းသားတချို့ရဲ့ အချက်အလက်တချို့ပေးဖို့ ထရမ့်အစိုးရရဲ့ တောင်းဆိုချက်ကို ဟားဗက်တက္ကသိုလ်ဘက်က ပယ်ချခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref – Reuters