အနောက်တောင် မုတ်သုန်လေ ဝင်ရောက်ခဲ့ပြီဖြစ်သလို ပင်လယ်ပြင်တွင်းက ထူးခြားတဲ့မိုးလေဝသဖြစ်စဉ်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်း ကျရောက်နိုင်ချေရှိပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားကြပါတယ်။
၁၃၊မေ။
အနောက်တောင် မုတ်သုန်လေဟာ ဒီကနေ့မှာ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ပြီဖြစ်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
မုတ်သုန်လေ ဝင်ရောက်လာပြီဖြစ်တာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတဲ့ မိုးကြိုးအန္တရာယ်ကို ဂရုစိုက်ကြဖို့ မိုးဇလ ကျွမ်းကျင်ပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
“ ကွင်းပြင်မှာ လမ်းလျှောက်နေတဲ့အခါ ဆံပင်တွေထောင်လာတာ၊ လက်ကအမွှေးအမြင်တွေ ထောင်လာတာရှိရင် မြေကြီးပေါ်မှာ မှောက်ချလိုက်ပါ၊ ဒီလိုလုပ်တာက ကိုယ့်ပတ်ဝန်းကျင်က လေတိုးတာကြောင့် ခန္တာကိုယ်ပေါ်မှာဖြစ်လာတဲ့တည်ငြိမ်လျှပ်စစ်ကို မြေကြီးထဲ ပို့ပေးလိုက်တာပါဘဲ။ မိုးကြိုးပစ်ခြင်းကြောင့် ကိုယ့်အနီးအနားပေ ၃၀ အကွာမှာ မိုးကြိုးပစ်လိုက်တာဆိုရင်တော့ အသက်ရှင်နိုင်ရန်အခွင့်အလမ်းနည်းသွားပါပြီ ” လို့ ဆိုပါတယ်။
ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ထူးခြားတဲ့မိုးလေဝသ အခြေအနေတွေကနေ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာဖို့ ရာခိုင်နူန်းဟာ ၆၀ ထိ မြင့်တက်လာနေတယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားကြပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်မလားဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ မြန်မာနိုင်ငံနေရာ အများစုမှာ မိုးသည်းထန်နိုင်ချေရှိနေပါတယ်။
ရက်သတ္တပတ်စာ မေ ၁၂ ရက်ကနေ မေ ၁၉ ရက်အထိ ဒေသအလိုက် မိုးလေဝသ ခန့်မှန်းချက်
ပုသိမ် – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ နေ့ရော ညပါ မိုးဆက်နိုင်တဲ့ ရက်တွေရှိပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ညောင်တုန်း – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ နေ့ရော ညပါ မိုးဆက်နိုင်ပြီး မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
အင်္ဂပူ – ဒီကနေ့နဲ့ မနက်ဖြန်မှာတော့ မိုးရွာသွန်းနိုင်ချေ နည်းနေပြီး ကျန်ရက်တွေမှာတော့ မိုးရွာသွန်းဖို့ရှိနေပါတယ်။ နေ့ရော ည ပါ မိုးဆက်နိုင်တဲ့ ရက်တွေရှိပေမယ့် မိုးများနိုင်ချေတော့ မရှိသေးပါဘူး။
ဟင်္သာတ – ဒီကနေ့ နေ့ဘက်ပိုင်းမှာ မိုးရွာသွန်းနိုင်ချေ မရှိပေမယ့် မနက်ဖြန်ကစလို့ ရက်သတ္တပတ်လုံး မိုးရွာသွန်းနိုင်ပါတယ်။ မေလ ၁၆ ရက်နေ့မှာတော့ မိုးများနိုင်ပြီး တရက်လုံးနီးပါး မိုးရွာသွန်းနိုင်ဖို့ရှိပါတယ်။
မအူပင် – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ နေ့ရော ညပါ မိုးဆက်နိုင်တဲ့ ရက်တွေရှိပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ဖျာပုံ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ နေ့ရော ညပါ မိုးဆက်နိုင်တဲ့ ရက်တွေရှိပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပေမယ့် မေ ၁၅ ရက်နေ့မှာတော့ တနေ့လုံးနီးပါး မိုးရွာသွန်းနိုင်ပါတယ်။
မြန်အောင် – ဒီကနေ့နဲ့ မနက်ဖြန်မှာတော့ မိုးရွာသွန်းနိုင်ချေ နည်းနေပြီး ကျန်ရက်တွေမှာတော့ မိုးရွာသွန်းဖို့ရှိနေပါတယ်။ နေ့ရော ည ပါ မိုးဆက်နိုင်တဲ့ ရက်တွေရှိပေမယ့် မိုးများနိုင်ချေတော့ မရှိသေးပါဘူး။
ဘိုကလေး – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ နေ့ရော ညပါ မိုးဆက်နိုင်တဲ့ ရက်တွေရှိပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၃ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ကန်ကြီးဒေါင့် – ဒီကနေ့မှာ မိုးရွာသွန်းဖို့ မရှိပေမယ့် ကျန်နေ့တွေမှာတော့ မိုးရွာသွန်းဖို့ ရှိပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ဒေးဒရဲ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ နေ့ရော ညပါ မိုးဆက်နိုင်တဲ့ ရက်တွေရှိပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၃ နာရီဝန်းကျင် ရှိနိုင်ပြီး မေ ၁၅ ရက်နေ့မှာတော့ တနေလုံးမိုးရွာသွန်းနိုင်ပါတယ်။
ကျိုတ်လတ် – ဒီကနေ့မှာ မိုးရွာသွန်းဖို့ မရှိပေမယ့် ကျန်နေ့တွေမှာတော့ မိုးရွာသွန်းဖို့ ရှိပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပြီး မေလ ၁၅ ရက်နေ့မှာတော့ တနေ့လုံး မိုးရွာသွန်းနိုင်ပါတယ်။
မော်လမြိုင်ကျွန်း – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ နေ့ရော ညပါ မိုးဆက်နိုင်တဲ့ ရက်တွေရှိပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ဝါးခယ်မ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ နေ့ရော ညပါ မိုးဆက်နိုင်တဲ့ ရက်တွေရှိပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ကျုံပျော် – ဒီကနေ့မှာ မိုးရွာသွန်းဖို့ မရှိပေမယ့် ကျန်နေ့တွေမှာတော့ မိုးရွာသွန်းဖို့ ရှိပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင်ရှိနိုင်ပါတယ်။
ဟိုင်းကြီးကျွန်း – ဒီကနေ့မှာ မိုးရွာသွန်းဖို့ မရှိပေမယ့် ကျန်နေ့တွေမှာတော့ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေလ ၁၅ ရက်ကနေ ၁၈ ရက်ထိ နေ့ရော ညပါ မိုးသည်းထန်စွာရွာသွန်းပြီး မိုးများနိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင်ရှိနိုင်ပါတယ်။
လပွတ္တာ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
မြောင်းမြ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ဓနုဖြူ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ နေ့ရော ညပါ မိုးဆက်နိုင်တဲ့ ရက်တွေရှိပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၃ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ကျုံတနီး – ဒီကနေ့နဲ့ မနက်ဖြန်မှာ မိုးရွာသွန်းနိုင်ချေ မရှိပေမယ့် မေ ၁၅ ရက်နဲ့ ၁၆ ရက်မှာ မိုးသည်းပြီး မိုးများနိုင်သလို ကျန်ရက်တွေမှာလည်း မိုးရွာသွန်းဖို့ရှိနေပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ရေကြည် – ဒီကနေ့မှာ မိုးရွာသွန်းဖို့ မရှိပေမယ့် မနက်ဖြန်ကစလို့ ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၃ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
အသုတ် – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ် မေ ၁၅ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးဆက်နိုင်ပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၃ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ကျုံမငေး – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ် မေ ၁၅ ကနေ ၁၇ ထိ မိုးသည်းပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ကျောင်းကုန်း – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ် မေ ၁၅ နဲ့ ၁၆ ရက်တွေမှာ မိုးသည်းပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ဇလွန် – ဒီကနေ့မှာ မိုးရွာသွန်းဖို့ မရှိပေမယ့် မနက်ဖြန်ကစလို့ ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ပန်းတနော် – ဒီကနေ့မှာ မိုးရွာသွန်းဖို့ မရှိပေမယ့် မနက်ဖြန်ကစလို့ ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၁၅ နဲ့ ၁၆ မှာတော့ မိုးသည်းပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
အိမ်မဲ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ် မေ ၁၅ နဲ့ ၁၆ ရက်တွေမှာ မိုးသည်းပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ငသိုင်းချောင်း – ဒီကနေ့မှာ မိုးရွာသွန်းဖို့ မရှိပေမယ့် မနက်ဖြန်ကစလို့ ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၁၅ မှာတော့ မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၃ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
လေးမျက်နှာ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၁၅ မှာတော့ မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ဆားမလောက် – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၁၅ နဲ့ ၁၆ မှာတော့ မိုးသည်းထန်ပြီး မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ပြင်စလူ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၁၅ ကနေ ၁၉ထိ နေ့ရော ညပါ မိုးရွာနိုင်ပြီး မိုးသည်းသည်းနဲ့ မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၃ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ချောင်းသာ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၁၅ မှာတော့ မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ငွေဆောင် – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၁၅ မှာတော့ မိုးများနိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ငရုတ်ကောင်း – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၁၆ ကနေ ၁၉ ထိမှာတော့ မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
သာပေါင်း – ဒီကနေ့မှာ မိုးရွာသွန်းဖို့ မရှိပေမယ့် ကျန်ရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
ဒေါ်ငြိမ်းရွာ – မနက်ဖြန် မေ ၁၄ နဲ့ ၁၅ ရက်တွေမှာ နေ့ရော ညပါ မိုးရွာသွန်းနိုင်ပေမယ့် ကျန်ရက်တွေမျာတော့ နေ့ဘက်မှာ အများအားဖြင့် ည ဘက်တွေမှာ ဆက်တိုက်မိုးရွာသွန်းနိုင်ချေရှိပါတယ်။ မိုးသည်း မိုးများနိုင်ပါတယ်။ လေကြမ်းတိုက်ခတ်မှုတွေလည်း ရှိနိုင်ပါတယ်။
ငပုတော – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၁၆ မှာတော့ မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။
မယ်ဂျာရွာ – ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၁၅ နဲ့ ၁၆ မှာတော့ မိုးများနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။ မိုးစဲချိန်ဟာ ပျမ်းမျှ တရက်ကို ၄ နာရီဝန်းကျင် ရှိနိုင်ပါတယ်။