လာအိုမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးအဖြစ် တရုတ်ရပ်တည်နေ

၁၇ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။

လာအိုရဲ့ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံသူအဖြစ် ရပ်တည်နေတဲ့ တရုတ်ဟာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိတဲ့ ပရောဂျက် စုစုပေါင်း (၇၈၅)ခုကို နှစ်နိုင်ငံကတိပြုထားပြီးပြီလို့ laotiantimes သတင်းဌာနက ဖော်ပြပါတယ်။

အထူးစီးပွားရေးဇုံတွေ ၊ စက်မှုဥယျာဉ်တွေနဲ့ အကြီးစား အခြေခံအဆောက်အအုံ ပရောဂျက်တွေဟာ လာအိုနိုင်ငံတွင်း တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု အများဆုံးဧရိယာတွေ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တရုတ်ရင်းနှီးမြုပ်နှံသူတွေက Vientiane-Vang Vieng Expressway ရထားလမ်းကို ဆောက်လုပ်နေပြီး အခုနှစ် ဒီဇင်ဘာလမှာ စတင် ဖွင့်လှစ်နိုင်ပါတယ်။ လာအို-တရုတ် ဆက်သွယ်ထားတဲ့ အဲဒီ့ရထားလမ်းဟာ လာအိုနိုင်ငံရဲ့ အကြီးဆုံးအခြေခံအဆောက်အအုံ စီမံကိန်းဖြစ်ပြီး ၉၀ရာခိုင်နှုန်း ပြီးစီးနေပါပြီ။

Vientiane Times သတင်းဌာနက ဖော်ပြချက်အရ ၂၀၁၉ခုနှစ်မှာ တရုတ်ဟာ လာအိုရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာပြီး နှစ်နိုင်ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံ တန်ဖိုး ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပမာဏာဟာ ၂၀၁၈ခုနှစ် ကုန်သွယ်ရေးပမာဏနဲ့ ယှဉ်ရင် ၁၇ ရာခိုင်နှုန်းကျော် တိုးလာတာ ဖြစ်ပါတယ်။

ဒါ့အပြင်၂၀၁၉ ခုနှစ်အတွင်း ကုန်ပစ္စည်းတင်သွင်းမှုနဲ့ ထုတ်ကုန်တင်ပို့မှု ပမာဏဟာလည်း ၂၀၁၈ခုနှစ်နှင့် နှိုင်းယှဉ်ရင် မြင့်တက်လာခဲ့ပါတယ်။

တဖက်မှာတော့ လာအိုအနေနဲ့ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုတွေဟာ အကြွေးထောက်ချောက်မိပြီး ခါးပတ်တစ်ကွင်းလမ်းတစ်စင်း တရုတ်စီမံကိန်းရဲ့ နောက်ဆုံးသားကောင်ဖြစ်လာနိုင်တယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ လာအိုနိုင်ငံကို တရားဝင်ခရီးစဉ်နဲ့ ရောက်ရှိလာပြီး တရုတ်အနေနဲ့ လာအိုကို အကူအညီတွေ ထပ်တိုးပံ့ပိုးပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

Ref : laotiantimes
Phot Credit : laotiantimes

Delta News

Read Previous

ဖူကူရှီမားဓာတ်ပေါင်းဖိုက အဆိပ်သင့်ရေတွေကို ပင်လယ်ထဲ စွန့်ပစ်ဖို့ ဂျပန်အစိုးရ ဆုံးဖြတ်ထား

Read Next

ဗီယက်နမ်မှာ ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း (၇၀)ကျော်သေဆုံး