ပန်းတနော်မှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ပိုးသတ်​ဆေးသောက်ပြီး သေဆုံး

(သတင်းတို)
၁၀၊အောက်တိုဘာ၊ ၂၀၂၀ ။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ကျွန်းဒိပ်ကျေးရွာမှာ မနေ့က အသက်(၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦး ပိုးသတ်ဆေးသောက်ပြီး သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

မိန်းကလေးဟာ ဖခင်ဖြစ်သူရဲ့ ဖုန်းကိုယူဆော့ရာက ပျက်စီးသွားပြီး ဖခင်ဆူမှာကြောက်ကာ ပိုလိုဂျပိုးသတ်​ဆေးကို သောက်ပြီးနောက် သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

သေဆုံးသူမိန်းကလေးရဲ့ဖခင်ဟာ ကျေးရွာရာအိမ်မှူး ဖြစ်ပြီး မနေ့ည၁၀နာရီအချိန်မှာ အဲ့ဒီမိန်းကလေးဟာ ပိုးသတ်ဆေးသောက်ခဲ့ကာ ဆေးရုံအရောက်မှာပဲ သေဆုံးသွားတာလို့ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအောင်ကြည်က ပြောဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီ့မိန်းကလေးသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒေါင့်ကြီးနယ်မြေရဲစခန်းက သေမှုသေခင်းနဲ့စစ်ဆေး ဆောင်ရွက်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။