ဧပြီ ၂၀
ဧရာဝတီတိုင်းကြံခင်းမြို့နယ်ထဲမှာ နေ့စဉ် ဧည့်စာ
ရင်း စစ်ခံနေရတဲ့ ကျေးရွာတွေရှိနေပြီး အဓိက လူငယ်လူစိမ်းတွေနဲ့ စစ်ရှောင်တွေကို လက်ခံထားလားဆိုတာကို အတည်ပြုစစ်ဆေးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“ ကျွန်တော်တို့ရွာက ခုဖြစ်နေတဲ့(တိုက်ပွဲ)နေရာနဲ့ဆို မိုင် ၇၀ ဝန်းကျင်လောက်ပဲဝေးမယ်။ ကွင်းကောက် တို့ ပန်းတောကြီးတို့ မဖြစ်ခင်ကတည်းကကျွန်တော် တို့ဆီမှာ နေ့တိုင်း ဧည့်စာရင်းစစ်နေတာ အဓိက လူ ငယ်တွေပေါ့။ ဒီရက်ပိုင်းကျတော့ စစ်ရှောင်တွေရှိလားပါ မေးတယ်” လို့ ဒေသခံဖြစ်သူ ကိုအောင်ကြီးက ပြောပါတယ်။
နီးကပ်လာနေတဲ့ စစ်ရေးအရှိန်တွေကြောင့် စိုးရိမ်ပူပန်နေရသလို ဧည့်စာရင်းစစ်ရုံတင်မဟုတ်ဘဲ ခရီးသွာလာခွင့်တွေကိုပါ ပိတ်ထားတာကြောင့် သက်
ကြီးရွယ်အိုတွေအတွက် စစ်ရှောင်ဖို့ ပြင်ဆင်လို့မရဘူး ဖြစ်နေတယ်လို့ သိရပါတယ်။
“ အခြေအနေက လောဆယ်တော့ ဆန်စုထားတယ် ပေါ့ ဒါလောက်ပဲ လုပ်လို့ရတယ်”လို့ ကိုအောင်ကြီးက ဆိုပါတယ်။
အရင်ကတည်းကလည်း မကြာခဏ ဧည့်စာရင်းစစ် လေ့ရှိပေမယ့် သင်္ကြန်ကာလကတည်းက နေ့စဉ်ဆိုသလို စစ်ဆေးမှုတွေ ပြုလုပ်လာတာဖြစ်ပြီး ကျေး ရွာအတွင်းကနေ နယ်ဝေးခရီးသွားခွင့်မရအောင် နည်းမျိုးစုံ နဲ့ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ကြံခင်းမြို့နယ်ထဲက ကျေးရွာတွေမှာ တိုက်ပွဲတွေမရှိသေးပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက်ပြတ်တောက်မှု တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းက စစ်ရေးအခြေအနေတွေ ဆက်တိုက်တင်းမာနေပြီး လက်ရှိမှာတော့ ဟင်္သာတမြို့ပေါ်အထိ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်ကြဖို့ သတိပေးမှုတွေ ပြုနေကြတဲ့ အနေအထားကိုရောက်လာနေပါပြီ။
တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေဘက်က သိမ်းပိုက်လိုက်တဲ့ ဒေသတွေက ပြည်သူတွေရဲ့ အခြေအနေတွေကို စုံစမ်းဖို့ ခက်ခဲလွန်းတဲ့ အနေအထားဖြစ်နေတာကြောင့် ကြံခင်းဒေသခံတွေက စစ်ပွဲတွင်းမှာ ပိတ်မိသွားမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း မြောင်းမြ၊ ကျောင်းကုန်းနဲ့ရေကြည်စတဲ့မြို့နယ်တချို့မှာလည်း စစ်ရှောင်တွေရှိမရှိ ဧည့်စာရင်းစစ်ဆေးတာတွေရှိတယ်လို့ ဒေသ ခံတွေဆီကသိရပါတယ်။
#ကြံခင်း #စစ်ရှောင် #လူငယ် #ဧည့်စာရင်း