ရွှေဟင်္သာဆရာတော်

 

ဧပြီ ၂၀

ဧရာဝတီအယ်လ်ဘမ်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသက ထင်ရှားတဲ့လူပုဂ္ဂိုလ်တွေအကြောင်းတင် ဆက်ခဲ့တာ စာပေ၊အနုပညာနဲ့နိုင်ငံရေးနယ်ပယ် က လူများအကြောင်း အတော်အသင့်ခရီးရောက်ခဲ့ပြီဖြစ်ပါတယ်။ဒီတခါတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် မှာမွေးဖွားခဲ့တဲ့ ရဟန်းတစ်ပါးအကြောင်းကိုပြောပြချင်ပါတယ်။

အများအကျိုး၊ရွက်သယ်ပိုးက ခနိုးခနဲ့၊ဆိုကဲ့ရဲ့လည်း မဖဲ့မစောင်း၊ကိုယ့်လမ်းကြောင်းကို စိတ် ကောင်းနဲ့ယှဉ်၊ရှေးရူနှင်လော့။

အထက်ပါကဗျာရေးဖွဲ့သူကတော့ စစ်ကိုင်းတောင် ရိုး ရွှေဟင်္သာတိုက်သစ်မှ ဘဒ္ဒန္တပဏ္ဍိတသိရီ ဆရာ တော်ဘုရားကြီး ဖြစ်ပါတယ်။

ဆရာတော်ကို ၁၂၅၅-ခု၊ နတ်တော်လဆန်း (၇) ရက်၊ ကြာသပတေးနေ့မှာ ဧရာဝတီတိုင်းလေးမျက် နှာမြို့နယ်၊ အလယ်ရပ်၊ ခမည်းတော် ဦးကျောက် စိမ်း မယ်တော် ဒေါ်ရွှေသော့တို့မှ ဖွားမြင်ခဲ့ပါတယ်။ ၁၂၆၉-ခုမှာ လေးမျက်နှာမြို့၊ မိချောင်းရဲကျောင်း ဆရာတော်အရှင် အာစရထံ ရှင်သာမဏေပြုပါတယ်။

၁၂၇၅-ခု၊ ဝါဆိုလဆန်း (၁၄)ရက်နေ့မှာညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်၊ သီလဝိသောဓနီ သိမ်တော်၌ ရန်ကုန်မြို့၊ ဗဟန်းကျောင်းတော်ရာ၊ ရွှေကျင်ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်ခဲ့ပါတယ်။ရွှေဟင်္သာတောရတိုက်၊ ပထမစံ ကျောင်း ဆရာတော်၊ ဒုတိယစံကျောင်း ဆရာတော်၊ စပယ်ရုံကျောင်း ဆရာတော် အရှင်ယုဂန္ဓရ စသော စာချ ဆရာတော်ကြီးများထံတွင် စာပေသင်ယူခဲ့ပါတယ်။

သိက္ခာ(၅)ဝါ ခန့်မှစ၍ သက်တော် (၈၅)နှစ်တိုင်
အောင် ညောင်တုန်းရွှေဟင်္သာတောရတိုက်နှင့် စစ် ကိုင်းရွှေဟင်္သာတိုက်သစ်တို့မှာ ပရိယတ္တိစာပေများ ပို့ချခဲ့ပါတယ်။

၁၃၀၄-ခု၊ စစ်ကိုင်းတောင်ရိုး၊ မဟာဂန္ဓာရုံကျောင်း တိုက်၌ ကျင်းပတဲ့ ရွှေကျင်သံဃာ့ အစည်းအဝေးကြီးရဲ့ ဆုံးဖြတ်ချက်အရ ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ ဝန်ဆောင်ဆရာတော်အဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၃၃၇-ခု၊ တန်ဆောင်မုန်းလမှာ ပဲခူးကြခတ် ဝိုင်း ရွှေကျင်ဂိုဏ်း သံဃာ့အစည်းအဝေးကြီးက ရွှေကျင်ဂိုဏ်း တွဲဖက် သာသနာပိုင် အဖြစ် ခန့်အပ် ခဲ့ပြီး ၁၃၅၁-ခု၊ နတ်တော်လဆန်း (၁၃)ရက်နေ့မှာ ရွှေကျင်ဂိုဏ်းကြီးရဲ့ဒွါဒသမမြောက် သာသနာ ပိုင်ဆရာတော်ကြီး တာဝန်ကို ယူခဲ့ပါတယ်။

ဆရာတော်ဟာပရိယတ္တိစာပေသာမက ပဋိပတ္တိ
ကိုလည်းလေ့လာအားထုတ်ခဲ့ပါတယ်။စာပေကျမ်း ဂမ်ပေါင်းများစွာရေးသားပြုစုခဲ့ပါတယ်။

ဒကာတယောက်က ဆရာတော်ကို အဘယ်တရားများကိုနေ့စဉ်အားထုတ်တော်မူပါသလဲဟုမေးမြန်း လျှောက်ထားရာ ဆရာတော်က ကာယနုပဿနာ သတိပဌာန်ကိုနေ့စဉ်နှလုံးသွင်းပါတယ်လို့ မိန့်တော်မူပါတယ်။

ဆရာတော်ဟာ သီလသမာဓိ ပညာဂုဏ် ကြီးမြတ် တော်မူခြင်း၊ သာသနာရဲ့အကျိုးစီးပွားအတွက် ဇွဲ၊ လုံ့လ၊ ဝီရိယဓာတ် ကြီးမားခြင်း၊ သိက္ခာ ကာမဝိနယ ဂရုက သံသာရ ဘီရုက စသော ဂုဏ်တို့နှင့် ပြည့် စုံခြင်းကြောင့် ရဟန်းရှင်လူ အများပြည်သူတို့ရဲ့ ကြည်ညိုလေးစားမှုကို ခံယူရရှိတော် မူပါတယ်။

နားဆင်ရန် (Spotify) >>> https://shorturl.at/qvMYZ

#စစ်ကိုင်း #ရွှေဟင်္သာ #ဆရာတော် #Podcast
#DeltaNewsAgency #ဧရာဝတီအယ်ဘမ်