ဧပြီ ၁၈
ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့ပေါ်က ခရိုင်အုပ်ချုပ်
ရေးမှုး ဦးဆောင်တဲ့ အဖွဲ့က သင်္ကြန်ပွဲ စည်စည် ကားကား ပြုလုပ်ဖို့ လုပ်ငန်းရှင်တွေဆီက တောင်းထားတဲ့ ပိုက်ဆံတွေကို သင်္ကြန်ပွဲ မကျင်းပဖြစ်ပေမယ့် ပြန်မရတော့ဘူးလို့ မြို့ခံလုပ်ငန်းရှင်အချို့က DNA ကိုပြောပါတယ်။
“သင်္ကြန်အတွက် ငါးသောင်းကနေ နှစ်သိန်းဆိုပြီး စပြောတယ်၊ ပြီးလည်းပြီးရော ၂ သိန်းထဲ့ရမယ် ဖြစ် သွားတယ်။သူများဆိုင်တွေ အကုန် ၂ သိန်းထဲ့လို့ ဒီဆိုင်လည်း ၂ သိန်းဆိုပြီး စာအုပ်ကြီးနဲ့လာတယ်။ ပြီးတော့ ဖြတ်ပိုင်းလည်း ပေးတာ မဟုတ်ဘူး”လို့ စားသောက်ဆိုင်လုပ်ငန်းရှင် တဦးက ပြောပါတယ်။
ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး နဲ့ အဖွဲ့ဟာ မြို့ပေါ် က လုပ်ငန်းရှင်တွေကို အုပ်စုခွဲပြီး တရက်ဆီအ စည်းအဝေး ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ဘဏ်မန်
နေဂျာတွေ၊မြစ်သဲကျောက်လုပ်ငန်းရှင်တွေ ၊ လိုင် စင်သမားတွေကို တအုပ်စု ၊ ဆန်စက်၊ဆီစက်၊ စက် သုံးဆီဆိုင်၊ ကုန်စည်ဒိုင်တွေကို တအုပ်စု ၊ စား သောက်ဆိုင်၊အရက်လိုင်စင် ၊ဟိုတယ် တအုပ်စု စသဖြင့် ၃ ရက်ခွဲပြီး အစည်းအဝေးခေါ်ကာ သင်္ကြန်ပွဲအတွက် အလှူငွေသဘောထက် မပေးမနေရအ တင်းအကျပ်သဘော ခေါ်ပြောခဲ့တယ်လို့ လုပ်ငန်းရှင် တဦးက ပြောပါတယ်။
“ခရက ဥက္ကဌရယ်၊စစ်သားစုဆောင်းရေးက ဗက အငြိမ်းစား အောင်မြင့်ဦးက အရပ်ဖက်က ပူးပေါင်းပြီး လုပ်ငန်းရှင်တွေကို ပိုက်ဆံတောင်းတာ ၊ မရက ကအဲဒီအချိန် စာဖြေသံဃာတွေအတွက် အလှူခံနေတယ်”လို့ ပြောပါတယ်။
ဒါပေမယ့် သင်္ကြန်ကာလမှာ ဗဟိုမဏ္ဌပ် ၊ လမ်း လျှောက်သင်္ကြန် ၊ သင်္ကြန်ယိမ်းအဖွဲ့ စသဖြင့် အခမ်းအနားတွေ မကျင်းပနိုင်ခဲ့ပေမယ့် ဒီနေ့ နှစ်ဆန့်တရက်နေ့ ရောက်တဲ့အထိ လုပ်ငန်းရှင်တွေဆီက တောင်းထားတဲ့ ပိုက်ဆံတွေကို ပြန်ပေးဖို့ သတင်းမကြားသေးဘူးလို့ လုပ်ငန်းရှင်တဦးက DNA ကို ပြောပါတယ်။
“ဈေးတွေကတက် ၊ အလုပ်အကိုင်တွေက မကောင်းပါဘူးဆိုမှ သင်္ကြန်အတွက်လည်း ထဲ့ရ ပြီးတော့ အစည်းအဝေး ထပ်ခေါ်သေးတယ်သင်္ကြန်ပြီး ရင် ငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ဒေသတွေကို ဟင်္သာတအနေနဲ့ အလှူငွေတွေ သွားလှူရင်လည်း ထဲ့ရဦးမယ်တဲ့ ၊ ဒင်းတို့ပိုက်ဆံနဲ့ ဒင်းတို့ လှူကြပါလား သူတို့ကြတော့ ဂေါက်ရိုက်မပျက် ၊ KTV သွားမပျက် ၊ သောက်လိုက်စားလိုက် မပျက်နေနေကြပြီးတော့”လို့ မှတ်ချက်ပေးပါတယ်။
ခန့်မှန်းချက်တွေအရ ဟင်္သာတမြို့ပေါ် လုပ်ငန်းရှင် တွေဆီက သင်္ကြန်ပွဲအတွက် တောင်းယူခဲ့တာဟာ သိန်း ၅၀၀ ကနေ သိန်း ၁၀၀၀ ကြားမှာ ရှိမယ်လို့ သိရပါတယ်။
#ဟင်္သာတ #လုပ်ငန်းရှင် #သင်္ကြန် #ဧရာဝတီတိုင်း #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH