အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ သမ္မတကတော်တို့ ကိုဗစ်ရောဂါကူးစက်ခံရ

၂ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။

တစ်ကမ္ဘာလုံး ကိုဗစ်ရောဂါဖြစ်ပွားမှု အများဆုံး အမေရိကန်နိုင်ငံမှာ နိုင်ငံ့အကြီးအကဲ သမ္မတနဲ့ သမ္မတကတော်တို့ ရောဂါကူးစက်ခံလိုက်ရပါပြီ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူနဲ့ သမ္မတကတော် မယ်လီနီရာထရန့်တို့မှာ ကိုဗစ်ရောဂါစစ်ဆေးတွေ့ရှိခဲ့တယ်လို့ တွစ်တာအကောင့်မှာ ရေးသားဖော်ပြခဲ့တာပါ။

ထရန့်ရဲ့ ထိပ်တန်းလက်ထောက်အရာရှိတစ်ယောက်မှာ ပိုးတွေ့ပြီးနောက် အသက် ၇၄နှစ်အရွယ် သမ္မတနဲ့ အသက် ၅၀အရွယ် သမ္မတကတော်တို့မှာလဲ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ပြီး ကုသမှုခံယူချိန်အတွင်း အိမ်ဖြူတော်အဆောက်အအုံထဲမှာပဲ နေထိုင်သွားမယ်လို့ အိမ်ဖြူတော်ဆိုင်ရာ ဆရာဝန် ရှောင်ကာန်လီက ပြောပါတယ်။

“ကွာရန်တင်းဝင်ဖို့ စတင်လုပ်ဆောင်နေပြီး အားလုံးအတူတူကျော်ဖြတ်သွားမယ်”လို့ ထရန့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ကိုဗစ်ရောဂါ ဖြစ်ပွားမှု အများဆုံးကမ္ဘာ့နိုင်ငံစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပြီး နိုင်ငံတွင်း ကူးစက်သူစုစုပေါင်း ၇သန်းကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၂သိန်းကျော် ရှိပါတယ်။

Ref : CNN

Delta News

Read Previous

ဆင်းရဲတဲ့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးရရှိရေး ကူညီဖို့ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၁၂ဘီလီယံ အဆိုပြုထား

Read Next

ဝန်းရံသူရောဂါအတွက် ဖြေဆေးက ဘယ်မှာလဲ

Most Popular