ဧပြီ ၁၁
ပြီးခဲ့တဲ့ မိုးစပါးနဲ့ လက်ရှိ နွေစပါးတို့အတွက် စပါးပေါက်ဈေးဟာ အမျိုးအစားအလိုက် တမျိုးကိုပျှမ်းမျှ ၆ သိန်း ဝန်းကျင်ဈေးကျနေသလို ဒီလိုကျဈေးနဲ့ကိုတောင်မှ ဝယ်သူတွေရှားပါးနေတာမလို့ စပါးရောင်းမထွက်ရင် မိုးစပါးပြန်စိုက်နိုင်ဖို့ ခက်ခဲတော့မယ်လို့ ဧရာဝတီတိုင်းက တောင်သူလယ်သမားတွေ ဆီကနေသိရပါတယ်။
ပုံမှန်ဆို လယ်သမားတွေက ဒီကရောင်းလို့ရတာကို နောက်တခုစိုက်ဖို့ ပြန်ရင်းပေါ့ အဲ့လိုလုပ်ရတာ။ ခုက အရှုံးခံရောင်းမယ်ဆိုတာတောင်မှ ဝယ်သူကမရှိဘူး လို့ ဇလွန်မြို့နယ်၊ ကော့ကပ်တိုက်နယ်ထဲမှာ လယ်လုပ်ငန်းလုပ်ကိုင်လာတာ နှစ် ၂၀ ရှိနေပြီဖြစ် တဲ့ ဦးဝင်းကြိုင်က ဆိုပါတယ်။
DNA က မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တောင်သူလယ် သမားတွေဆီကနေ အခုနှစ် စပါးဈေးနူန်းတွေကို စုံစမ်းကြည့်ရာမှာတော့ ပြီးခဲ့တဲ့နှစ်ကအထိ တောင် သူတွေ အစိုက်များကြတဲ့ စပါးအများစုဟာ တင်း ၁၀၀ ကို ငွေကျပ် သိန်း ၂၀ ဝန်းကျင်ဈေးရကြတယ် လို့ သိရပါတယ်။
အခုနှစ်မှာတော့ အရင်က သိန်း ၂၀ ဝန်းကျင်ဈေးရခဲ့တဲ့ စပါးတွေဟာ ၁၃ သိန်းဝန်းကျင် ဈေးအထိ ထိုးကျသွားတာဖြစ်ပါတယ်။
နွေစပါးမစိုက်ပဲ မတ်ပဲစိုက်ကြတဲ့တောင်သူတွေမှာလည်း မနှစ်က ၁ တင်းကို ၁ သိန်း ၂ သောင်း ဝန်း ကျင်ရရှိရာကနေ အခုနှစ်မှာတော့ ၉ သောင်းဝန်း ကျင်သာ ဈေးရရှိကြပါတယ်။
စပါးဖြစ်ဖြစ် ပဲဖြစ်ဖြစ် အခုချိန်မှာ သွင်းအားစုက မတအား ဈေးတက်နေတာ။ ကျွန်တော်တို့ အရင်းတင်ခုပေါက်ဈေးထက် မကရှိတယ်။ ဒီတိုင်းဆို သ မင်မွေးရင်း ကျားစားရင်းဖြစ်နေတာပဲ ဗိုက်နာလိုက် တာပဲ အဖတ်တင်တာပေါ့ လို့ မြောင်းမြမြို့နယ်မှာ နေထိုင်နေတဲ့ ကိုမိုးဝင်းက ပြောပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာ မိုးရွာသွန်းမှုတွေ ရှိနေတာကြောင့် ရင့်မှည့်နေတဲ့ စပါးတွေ မိုးမိတာကြောင့် ပျက်ဆီးဆုံးရှုံးရတာတွေလည်း ရှိနေပါတယ်။
ဒီလိုအခြေအနေတွေကို မြန်မာနိုင်ငံ ဆန်စပါးအ သင်း အပါအဝင် တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့လိုပြီး မဖြေရှင်းပေးနိုင်ဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ တောင်သူတွေ စပါးမစိုက် နိုင်ကြတော့ပဲ ဆန်စပါးရှားပါးမှုတွေ ဖြစ်လာနိုင်တယ်လို့ တောင်သူလယ်သမားရေး လှုပ်ရှားသူတချို့က ခန့်မှန်းကြပါတယ်။
ဧရာဝတီတိုင်းမှာ ကိုယ်တိုင်လယ်စိုက်ပျိုးနေပြီး တောင်သူလယ်သမား အရေးကိစ္စတွေကိုလည်း ဆောင်ရွက်လျှက်ရှိသူ တဦးကတော့ စပါးတွေကို လယ်သမားတွေက လှောင်ထားနိုင်ဖို့ဆိုတာကလည်း စစ်ရေးပူပန်နေရတဲ့အချိန်မှာ စိန်ခေါ်ချက် ကြီးမားတယ်လို့ ဆိုပါတယ်။
သူက ကျွန်တော်တို့ကတော့ဗျာ စစ်ပူရ၊ မိုးပူရ၊ စပါးဈေး ပဲဈေးပူရ၊ ကုန်ဈေးနူန်းပူရ၊ စစ်မှုထမ်းပူရ၊ အကောက်ခွန်တွေပူရ၊ ကြွေးပူရ၊ လယ်ပြန်မစိုက်နိုင်မှာ ပူရပေါ့ဗျာ လို့ ဆိုပါတယ်။