ဧပြီ ၁၀
ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ ရွှေကျောင်းအိုင် (ခြောက်ရွာ)အုပ်စုမှာ ရပ်ရွာလုံခြုံရေးအတွက် သင် တန်း တက်ရောက်လိုသူတွေကို နေ့စားခပေးမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စည်းရုံးရေးဆင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဧပြီလ ၄ ရက်က စတင်ပြီးတော့ လုံခြုံရေးသင် တန်း တက်ရောက်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး တွေက စာရင်းကောက်ခံနေတာလို့ ဒေသခံကပြောပါတယ်။ အလုပ်မရှိကြလို့လက်လုပ်လက် စားသမားတွေက စာရင်းပေးကြတယ် လို့ သူကပြောပါတယ်။
လုံခြုံရေးသင်တန်းကိုတော့ ဧပြီလ ၁၅ ရက်နေ့မှာ စတင်တက်ရောက်ရမှာဖြစ်တယ်လို့ ကျေးရွာအုပ် ချုပ်ရေးမှူးတွေက ဒေသခံတွေကိုအသိပေးထားပါတယ်။ ဒါပေမယ့်လည်း သင်တန်းသားတွေရရှိမယ့် နေ့စားခပမာဏကိုတော့ DNA က စုံစမ်းနေဆဲပါ။
ယူနီဖောင်းအပြာတွေနဲ့ ပြည်သူ့စစ်လို့အမည်တပ် တာ လို့ သူကပြောပါတယ်။ အပြာရင့်ရောင်နဲ့ လုံခြုံ ရေးသင်တန်းတက်ရောက်ရသူတွေဟာ စစ်မှုထမ်းစစ်သားတွေ ၊ ပြည်သူ့စစ်(ဌာနေ) စစ်သားတွေနဲ့တူညီ မှုမရှိဘူးလို့ ဧရာဝတီတိုင်းက ကျေးရွာအုပ် ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
သူတို့တွေက (အပြာရင့်ရောင်ဝတ်) အရပ်ထဲက အကြောင်းကိစ္စတွေမှာ လုံခြုံရေးယူရတာမျိုးပါ။ လက်နက်တွေ ကိုင်ဆောင်ထားတာမျိုးတော့မဟုတ် ဘူး လို့ သူကပြောပါတယ်။ ဒါပေမယ့်လည်း စစ်မှထမ်း ခေါ်ဆောင်ခံရသူတွေနဲ့ ပြည်သူ့စစ် (ဌာနေ) တက်ရောက်သူတွေကတော့ လက်နက်ကိုင် သင်
တန်းတွေ တက်ရောက်ရတယ်လို့ အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။
စစ်ကောင်စီက ဧရာဝတီတိုင်းမှာတော့ ပထမဆုံးအကြိမ် ပြည်သူ့စစ် (ဌာနေ) သင်တန်းဖွင့်လှစ်နေပါ တယ်။
မန္တလေးတိုင်းက ပြည်သူ့စစ်(ဌာနေ) သင်တန်းတက် ရောက်ခဲ့သူတစ်ယောက်ကတော့ သူတို့တွေ (စကစ) က ကတိမတည်ကြဘူး လို့ပြောပါတယ်။
ဘာကြောင့်လဲတော့ ပြည်သူ့စစ်(ဌာနေ) တွေကို ရပ်ကွက်ရုံး ၊ အစိုးရဘဏ် ၊ ထွေအုပ်ရုံး ၊ လဝက ရုံးတွေ မှာ မိမိဒေသအလိုက် ပြန်လည်နေရာချထားပေးမယ်လို့ သင်တန်းမတက်ရောက်ခင်က မဲဆွယ်စည်းရုံး ခဲ့ပေမယ့်လည်း သင်တန်းဆင်းတဲ့အခါမှာတော့ ရှေ့တန်းစစ်မျက်နှာကို ပို့ခံလိုက်ရတယ်လို့ သူကပြောပါ တယ်။
အခုတနင်္သာရီကို အပို့ခံလိုက်ရတယ် လို့ မန္တလေး တိုင်း အပတ်စဉ် ၁ ပြည်သူ့စစ် (ဌာနေ) သင်တန်း ဆင်း လာသူက ပြောပါတယ်။ ဧရာဝတီတိုင်းမှာတော့ စစ်မှုထမ်းသင်တန်းမတက်ရောက်လိုသူတွေနဲ့ ပြည်သူ စစ်(ဌာနေ) သင်တန်းတက်မတက်ရောက်
လိုသူတွေဟာ လစဉ်အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေးအပ်နေရပါတယ်။