ဧပြီ ၉
မတ်လ ၂၈ ရက်နေ့က အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးဒဏ် ကြုံတွေခဲ့ရပြီးနောက်ပိုင်းမှာ စစ်တပ်က နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ အဆက်မပြတ် စုစုပေါင်း (၉၂) ကြိမ် ပြုလုပ်ခဲ့တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဖေါ်ပြလာပါတယ်။
ကချင်၊ချင်း၊မန္တလေး၊မကွေး၊ရခိုင်၊ဧရာဝတီ၊ရှမ်း၊ကရင်နီ၊ပဲခူး၊ကရင် နဲ့ မွန် စတဲ့ ဒေသ ၁၂ ခုမှာ တိုက်ခိုက်ခဲ့ပြီး အသက်(၁၈)နှစ်အောက် ကလေးငယ် (၆)ဦး ၊ အမျိုးသမီး (၃၀) အပါအဝင် စုစုပေါင်း (၇၂) ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေထဲမှာ ငလျင်ဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတဲ့ စစ်ကိုင်း နဲ့ မန္တလေးဒေသတွေ ပါဝင်ခဲ့ပြီး စုစုပေါင်း (၁၈) ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာလည်း ပုသိမ်ခရိုင် ရေကြည်မြို့နယ်မှာ တကြိမ် ၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်မှာ တကြိမ် တိုက်ခိုက်ခံခဲ့ရပြီး စုစုပေါင်း သုံးဦးသေဆုံးကာ တဦးဒဏ်ရာ ရခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
ဒီအချက်အလက်တွေကို မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီကနေ ဧပြီလ ၈ ရက်နေ့ မွန်းလွဲ နာရီ အထိ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက အတည်ပြု ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ထုတ်ပြန်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ် ။