ပုသိမ်မြို့က ရခိုင်ပြန်ဆယ့်တစ်ဦးကို ညတွင်းချင်း လိုက်လံရှာဖွေနေပြီ

၂၇ ၊ သြဂုတ်လ ၊ ၂၀၂၀ ။

ပုသိမ်မြို့မှာ ရခိုင်ပြည်နယ်ကနေ ပြန်လာသူ(၁၁)ဦးရောက်ရှိနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တွေရဲ့သတင်းပေးချက်အရ စောင့်ကြည့်စခန်းမှာထားရှိဖို့ မြန်မာနိင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဧရာ၀တီ)က သွားရောက်ခေါ်ဆောင် နေတယ်လို့သိရပါတယ်။

ရရှိတဲ့သတင်းအရ ရခိုင်ပြည်နယ်ကနေပုသိမ်မြို့ကိုရောက်ရှိလာတဲ့ စာရင်းအရ ကျား(၁၀)ဦး၊ မ(၁)ဦးဖြစ်တယ်လို့သိရ​ပြီး ပုသိမ်မြို့ကရပ်ကွက် အသီးသီးမှာ
ရောက်ရှိနေတာပါ။

လက်ရှိအချိန်ထိ စောင့်ကြည့်ထားရှိဖို့ ပုသိမ်တက္ကသိုလ်နန္ဒာဆောင်မှာ သတ်မှတ်ထားပါတယ်။ ဒီကနေ့ ည ၁၀ နာရီ အချိန်ထိ ရရှိထားတဲ့ စာရင်းအရ လူမှုရေးအဖွဲ့ကလာ ရောက်ပို့ဆောင်ထားတာ(၆)ဦးရောက်ရှိနေပါပြီ။ ကျန်ရှိသူတွေကို သွားရောက်ခေါ်ဆောင်နေတယ်လို့ သိရပါတယ်။