ဧရာဝတီတိုင်းအတွင်း ရေကြောင်းကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီ လေးဆယ်ကျော်ကို ဖမ်းမိ

၂၇ ၊ ဩဂုတ်လ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်းအတွင်းကို ခိုးဝင်လာတဲ့ ဘင်္ဂါလီ (၄၂)ဦးပါ စက်လှေတစ်စီးကို သြဂုတ်လ ၂၇ရက်နေ့ညနေပိုင်းက ဘိုကလေးမြစ်ဝအနီးမှာ ဖမ်းမိခဲ့ပါတယ်။ လှိုင်းဘုန်း နယ်မြေရဲတပ်ဖွဲ့နဲ့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်​တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာပါ။

ဘင်္ဂါလီ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၂၉)ဦးနဲ့ ကလေးငယ် (၂)ဦးကို ဖမ်းမိတဲ့အပြင် စက်လှေနဲ့ ပို့ဆောင်ပေးသူ (၅)ဦးကိုပါ ဖမ်းမိတာလို့ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယ ရဲမှူးကြီး ထွန်းရွှေ က အတည်ပြု ပြောကြားပါတယ်။

“သတင်းရလို့ ရေလမ်းကြောင်း တစ်လျောက် ဝင်ထွက်လမ်းတွေ့ကနေ စောင့်ဆိုင်းပြီးဖမ်းဆီး နိုင်ခဲ့တာပါ ဆက်လက်အရေးယူနိုင်ဖို့ ကမ်းကပ်ခွင့် မပေးသေးဘဲ ရဲတပ်ဖွဲ့က စောင့်ကြပ်ထား ပါတယ်” လို့ ဒုတိယ ရဲမှုးကြီး ထွန်းရွှေ က ပြောပါတယ်။

လပွတ္တာမြို့နယ် ပိုးလောင်းဘက်ကနေ ဘင်္ဂါလီတွေ တင်ဆောင်လာတဲ့ အနက်ရောင်စက်လှေတစ်စီး မောင်းပြေးသွားတာကို သတင်းရရှိခဲ့ပြီး ဘိုကလေးမြစ်ဝအနီးမှာ အဆိုပါခိုးဝင်လှေကို ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။