ဟင်္သာတမြို့က သံသယလူနာ ဒီည အဖြေထွက်မည်

၂၇ ၊ သြဂုတ်လ ၊ ၂၀၂၀ ။

ဟင်္သာတမြို့ KBZ ဘဏ်(၁) ဝန်ထမ်းအမျိုးသမီးတစ်ဦးကို COVID- 19 သံသယလူနာအဖြစ် ဟင်္သာတပြည့်သူ့ဆေးရုံကြီးမှာ မနေ့ကညနေက စတင်ပြီး ​စောင့်ကြည့်ကုသမှု ပေးနေပါတယ်။

လက်ရှိမှာ အဲဒီ့အမျိုးသမီးဟာ ရောဂါပိုးတွေ့လူနာ ဖြစ်တယ်လို့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သတ်ပြီး ဟင်္သာတဆေးရုံအုပ်ကြီးဆီကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်ရှိစစ်ဆေးမှုနမူနာ ပေးပို့ထားစဲ ဖြစ်ပြီး အလွန်ဆုံး ဒီကနေ့ည ၈နာရီထုတ်ပြန်မှုမှာ သိရနိုင်တယ်လို့ ပြောပါတယ်။

“ကျမတို့ အဖြေပို့ထားတယ် ဒီမနက် ။ သူကဘာမှ လက္ခဏာမရှိဘူး သူ့မောင်လေးက သံတွဲကလား ဘာလား အဲ့ဒီက လာလို့လေ ပုံမှန်ဆိုဘာမှ contact မရှိရင် မစစ်ဘူးပေါ့နော် ။ အရင်တုန်းက သူတို့က အပြင်မှာပဲ ပြတာပေါ့နော် ။ဒါပေမယ့် ရာဇဝင်မှာ သူက သံတွဲက မောင်လေးနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးတော့ သံသယလူနာအနေနဲ့ ထည့်လိုက်တာ” လို့
ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဌေးဌေးလှိုင်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်အတွင်း COVID- 19 ရောဂါပြည်တွင်းကူးစက်မှု အရေအတွက် မြင့်တက်နေတာကြောင့် နယ်နမိတ်ချင်းထိစပ်နေတဲ့ ဧရာဝတီတိုင်းမှာ ကွာရန်တင်းစင်တာတွေ ပြင်ဆင်ထားပြီး ရောဂါပျံ့ပွားနေတဲ့ ဒေသက လာသူတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။