Photo – Myanmar Red Cross Society
မတ်၊ ၇
ဧရာဝတီတိုင်းမှာ မတ်လအတွင်း နေ့အပူချိန်တွေဟာ ၄၀ ဒီဂရီ စင်တီဂရိတ်ထက်ကျော်ပြီး မြင့်တက် လာနိုင် တာကြောင့် Heat Stroke(အပူရှပ်ခြင်း)မဖြစ်အောင် ဂရုစိုက်ကာကွယ်ကြဖို့ မိုးဇလ စောင့်ကြည့် လေ့လာနေကြ သူတွေက သတိပေးထားပါတယ်။
ဒါပေမယ့် ဒါဟာ ပုံမှန်အပူချိန်ထက် အနည်းငယ်တက်လာတာသာဖြစ်ပြီး လက်ရှိထွက်ပေါ်နေတဲ့ အပူလှိုင်းဖြတ် မယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဖြစ်နိုင်တဲ့ အခြေအနေတွေကို မတွေ့ရှိရသေးဘူးလို့ မိုးလေဝသ စောင့်ကြည့် လေ့လာသူ ဦးဝင်းနိုင်က ဆိုပါတယ်။
“ကျွန်တော်တို့က Heat Wave ဆိုတဲ့ အပူလှိုင်းနဲ့ Heat Stroke ဆိုတဲ့ အပူရှပ်တာနဲ့ကို ရောမသွားဖို့ လို ပါတယ်။ နေ့အပူချိန်တွေက ဆက်တက်ဖို့ရှိနေပေမယ့် အခုချိန်ထိတော့ အပူလှိုင်းအဆင့်ထိ ဖြစ်လာဖို့ မတွေ့ ရသေးဘူး။ ဒါပေမယ့် ခရမ်းလွန်ရောင်ခြည် ပါဝင်မှုကတော့ ဆက်တိုက်မြင့်တက်နေပါလိမ့်မယ် ” လို့ သူကပြောပါတယ်။
ဧရာဝတီတိုင်းရဲ့ ထိစပ်ဒေသတွေဖြစ်ကြတဲ့ ရန်ကုန်နဲ့ ပဲခူးတိုင်းတွေမှာလည်း နွေရွာသီမှာ နှစ်စဉ် နေ့အပူချိန်တွေ မြင့်တက်လာနေပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်းကစလို့ နွေရာသီရဲ့ နှစ်စဉ်အပူချိန်ဟာ ၄၀ ဒီဂရီ စင်တီဂရိတ် ဝန်းကျင် မှာရှိနေခဲ့တာပါ။
ဒါကြောင့် လက်ရှိအပူချိန်ဟာ ပျမ်းမျှအပူချိန်ဝန်းကျင်မှာပဲရှိနေတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီအပူချိန်ဟာ အပူရှပ်ခြင်း (Heat Stroke) ဖြစ်နိုင်တာကြောင့် မနက် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်တာ၊ နေ့အပူချိန် အောက် မှာ ပြင်းထန်စွာအားသုံးရတဲ့ အလုပ်တွေ မလုပ်တာ၊ နေပူထဲကပြန်လာပြီး ချက်ချင်းရေချိုးတာမကို ရှောင်ရှားတာ၊ ရေများများသောက်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ အရက်နဲ့ ကော်ဖီသောက်မှု လျှော့ချတာတွေ လုပ်သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေကသတိပေးထားပါတယ်။
Heat Stroke ရဲ့ အခြေခံ လက္ခဏာတွေကတော့ မူးဝေနုံးချိတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေနာကျင်တာ၊ အပူကြီးတာစတာတွေဖြစ်ပြီး ဒီလက္ခဏာတွေခံစားလာရပြီဆိုရင် အထူးဂရုစိုက်သင့်တယ်လို့ ကျန်းမာရေး ပညာ ရှင်တွေကရှင်းပြပါတယ်။
Heat Stroke ဟာ ရုတ်တရက် အသက်ကိုပါ ဆုံးရှုံးသွားစေတဲ့အထိလည်း သက်ရောက်မှုရှိနိုင်တဲ့ ဝေဒနာတခုဖြစ် ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်စဉ်နွေရာသီတွေမှာ နေ့အပူချိန်မြင့်တက်တာကြောင့် သက်ကြီးရွယ်အိုနဲ့ ရောဂါ အခံရှိသူတွေသာမက လူငယ်တချို့ပါ လဲကျသေဆုံးတာ၊မူးဝေလဲကျတဲ့ဖြစ်စဉ်တွေ နိုင်ငံတဝန်းမှာအများ အပြား ဖြစ်ခဲ့ပါတယ်။
ပြည်သူ့ကျန်းမာရေး ဆရာဝန်တချို့ကတော့ အပူရှပ်တဲ့ လူနာတွေအနေနဲ့ အချိန်မှီ အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုအပ်ပြီး အဲလိုအချိန်မှီ မကုသရင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်လိုမျိုး အင်္ဂါအစိတ်အပိုင်းတချို့ ပျက်စီးစေ နိုင်တဲ့အပြင် အသက်ပါသေဆုံးနိုင်တယ်လို့ အသိပေးပြောဆိုထားကြပါတယ်။
အပူရှပ်တာ မဖြစ်အောင်တော့ အဝတ်အစား ပါးပါးတွေ ဝတ်တာ၊ နေပူထဲသိပ်မထွက်တာ၊ ရေ၊ ဓာတ်ဆားရည်၊ အသီးဖျော်ရည်တွေလိုမျိုး အရည်များများသောက်တာ၊ အေးမြတဲ့ နေရာတွေမှာ နေထိုင်တာ၊ ပြင်းထန်တဲ့အလုပ် တွေကို နေ့လယ်ပိုင်းတွေမှာ မလုပ်တာ စတဲ့နည်းလမ်းတချို့နဲ့ ကာကွယ်နိုင်တယ်လို့ ဆရာဝန်တချို့က အသိ ပေးပြောဆိုထားပါတယ်။
အပူချိန်မြင့်မားနေချိန်မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင်လည်းအသားရောင်လိုအဝတ်အစားဝတ်ဆင်ပြီးထီး၊ ဦးထုပ်ဆောင်းသင့်တယ်လို့ဆရာဝန်တွေက အကြံပြုထားပါတယ်။