လက်ဘနွန်အကြီးစားပေါက်ကွဲမှု သေဆုံးသူ တစ်ရာကျော်ရှိလာ

၄ ၊ သြဂုတ်လ ၊ ၂၀၂၀ ။

လက်ဘနွန်နိုင်ငံ ဘီရွတ်မြို့မှာ အကြီးစားပေါက်ကွဲမှုတစ်ခုကြောင့် သေဆုံးသူ အယောက် ၁၀၀ကျော်အထိ ရှိလာပြီး လူပေါင်း ၄ထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်ကြက်ခြေနီတပ်ဖွဲ့က ပြောပါတယ်။

လူပေါင်း ၄ထောင်ကျော် ဒဏ်ရာရခဲ့ပြီး လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ပျက်စီးသွားတဲ့ အဆောက်အအုံတွေမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နေစဲ ဖြစ်တာကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ပါ သေးတယ်။

သြဂုတ်လ ၄ရက်နေ့က ဘီရွတ်မြို့ ဆိပ်ကမ်းက ကုန်လှောင်ရုံတစ်ခုမှာ အလေးချိန်တန်ပေါင်း ၂၇၀၀ ကျော်ရှိတဲ့ ပေါက်ကွဲအားပြင်း အမိုနီယံအောက်ဆိုဒ်ဓာတုပစ္စည်းတွေ ပေါက်ကွဲခဲ့တာပါ။ အမိုနီယံအောက်ဆိုဒ်ဟာ စိုက်ပျိုးရေးလုပ်ရာမှာ မြေသြဇာအဖြစ် အသုံးပြုပြီး ဖောက်ခွဲရေးပစ္စည်းပြုလုပ်ရာမှာလည်း အသုံးပြုပါတယ်။

ပေါက်ကွဲမှုကြောင့် ဘီရွတ်မြို့တစ်ခုလုံး တုန်လှုပ်သွားပြီး မှိုပွင့်ပုံစံတစ်ခု ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေဟာ လူမှုမီဒီယာစာမျက်နှာတွေပေါ်မှာ ပျံနှံ့နေပါတယ်။

အဲဒီပေါက်ကွဲမှုပြင်းအားဟာ နျူကလီယား အသေးစားပေါက်ကွဲမှု ပမာဏရှိပြီး အနီးပတ်ဝန်းကျင်က အဆောက်အအုံနဲ့ကားတွေ အမြောက်အများ မီးလောင် ပျက်စီးသွားခဲ့တဲ့အပြင် ပေါက်ကွဲမှု ဗဟိုချက်ရဲ့ ၁၂၅မိုင်အတွင်း ရိုက်ခတ်သွားခဲ့တာပါ။

လက်ရှိမှတော့ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Ref : BBC
Photo Credit : dailymail